12

44 1 0
                                    

ဘယ်တော့မှ မဝေးတော့ဘူးနော်လို့
ကတိတွေအထပ်ထပ်ပေးပီး ငယ်တို့ဝေးသွားခဲ့ကြတာပဲ...

အရာရာအတူတူရင်ဆိုင်မယ်ပြောပြီး
ကိုသွေးကြောင်သွားခဲ့တာပဲ..

အတူတူမက်ဖူးတဲ့အိပ်မက်တွေကလည်း
အတိတ်မှာ ပေါပေါပဲပဲပြဇာတ်တွေလို..

အတူတူစီစဉ်ထားခဲ့တဲ့အနာဂတ်တွေကလည်း
လမ်းတစ်ဝက်မှာ မွစာကိုကျဲလို့..

ကို့ကို အခွင့်အရေးတစ်ကြိမ်ပဲထပ်ပေးပါ
နောက်ထပ်တစ်ခါပဲ ထပ်ယုံကြည်ပေးပါတဲ့..

ငယ့်မှာတော့ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ
ကို့ကိုလည်းမယုံတော့ဘူး..
ချစ်ခြင်းမေတ္တာကိုလည်းမယုံတော့ဘူး

လူတိုင်းကအံ့ဩယူရလောက်အောင်
ငယ် ကို့အပေါ်နားလည်မှုတွေပေးခဲ့တဲ့
အချိန်တွေကို တကယ်လွမ်းတယ်..
သည်းသည်းလှုပ်ချစ်ခဲ့ကြတဲ့နေ့တွေ
တစ်နာရီလောက်စကားမပြောရရင်တောင်
မခံစားနိုင်လောက်အောင် လွမ်းကြတဲ့နေ့တွေ

တစ်ယောက်လက်ကိုတစ်ယောက်ဆွဲလို့
ရန်ကုန်မြို့က လမ်းမတွေပေါ်ပျော်ပျော်ကြီး
လျှောက်ခဲ့ကြတဲ့နေ့တွေ...
အိမိပြန်ချိန်တိုင်း မွတ်သိပ်စွာ
ကြင်နာစွာ ပြင်းပြစွာနဲ့
ဖလှယ်ခဲ့ကြတဲ့ မရေမတွက်နို်င်သော
အနမ်းတွေ...
ငယ် အမှတ်တရတိုင်းကို
နည်းနည်းလေးမှမမေ့မလျော့ သတိရနေခဲ့ပါတယ်.....

ခါးခါးသီးသီးပါပဲ..ကိုမရှိတော့တဲ့
နေ့ရက်တွေဟာ ငယ့်အတွက်
သေဆုံးပစ်ချင်စရာကောင်းလောက်အောင်
ခါးခါးသီးသီးပါပဲ...

ကို့ဘဝထဲက ငယ့်ကို
ဖယ်ထုတ်လိုက်ရတဲ့
ကို့ပစ္စုပ္ပန်နေ့ရက်တွေမှာ
ကိုပျော်နေရဲ့လား???

N A R C I S S U SWhere stories live. Discover now