အဟက် စိုးရိမ်ပြနေတာလား..ဒီလိုအချိန်မှာ...
" ကျနော့ကို ခဏလောက်တော့ ကိုယ့်စိတ်ကိုယ့်ကိုယ် နေခွင့်ပြုပါလား..."
ခပ်ပြုံးပြုံးလေးနှင့် အက်ကွဲကွဲပြောလိုက်သည့် စကားသံအဆုံး....
ယောလ်သခင်ကြီးတစ်ယောက် ဆုပ်ကိုင်ထားသော လက်တို့ကို ဖြေလျော့လိုက်ကာ သက်ပြင်းကိုချ၍ နေရာတွင် ပြန်ထိုင်နေမိသည်...
သို့သော်လည်း အေးဆေးထိုင်လို့မရ... စိတ်တို့ကား ထိုကောင်လေးဆီတွင်သာ...
အရက်ခရားလေးကိုင်ပြီး လုံးတုံးလုံတုံးနဲ့ ထွက်သွားတဲ့ကောင်လေးနောက် သတို့သမီးလောင်းနှင့် သတို့သမီးဖခင်ကိုတောင် ခွင့်မပန်မိပဲ လိုက်လာမိသည်မှာ သခင်ကြီးတစ်ယောက်မပီသစွာ...
" အဟက်....ငါသေသွားရမှာ..."
အေးစက်စက်အသံလေးနှင့်အတူ ကုတ်အကျီင်္အတွင်းဖွက်ယူလာသော ဓားကိုထုတ်ယူလိုက်သော ကောင်လေး...
ထို့နောက် လက်ကောက်ဝတ်ထံ ဦးတည်လိုက်သော ဓားသွား...
တပြိုင်တည်းမှာပဲ ဆွဲလုခံလိုက်ရသောထိုဓား...
လှည့်ုကြည့်လိုက်တော့ ဓားလုသူမှာ...သခင်ကြီးယောလ်...
သခင်လေးဗြောင်သည်လည်း..သတိရှိသူမို့ ဓားကပါမသွား...
အခြေအနေက သခင်လေးဗြောင်က ဓားရိုးကိုကိုင်ထား၍ သခင်ကြီးယောလ် က ဓားသွားကို ကိုင်ထားသည်....
" လွှတ်ပေးစမ်းပါ...".
သွေးအေးအေး စကားပြောသံနှင့်အတူ ဓားကိုပြန်ဆွဲလုသော ဗြောင်သခင်လေး...
ယောလ်သခင်ကြီးသည်လည်း ဓားသွားကိုဖိကာ ညှစ်၍ ဆုပ်ကိုင်လိုက်သည်မို့ ဓားသွား၌ သွေးတို့ကရဲကနဲ....
" ဟာ.. .."..
သွေးတို့ကို မြင်လိုက်သည်နှင့် ယောင်ရမ်းပြီး ဓားကိုလွှတ်လိုက်မိသော ဗြောင်သခင်လေး.....
" ဟို....သွေးတွေနဲ့...ခင်ဗျားထိသွားပြီ.....ကျနော် noona ကိုသွားခေါ်ပေးမယ်...ခဏ..."
" နေဦး...ကိုယ် အိမ်ထဲလိုက်ခဲ့မယ်..."
သူ့အစ်မကို သွားခေါ်မည်လုပ်နေသော ကလေး၏စကားကို ကြားလိုက်ရပြီးနောက်ရင်ထဲနင့်ကနဲ...
သူနဲ့ကိုယ်က မဆိုင်တော့ပဲ သူ့အစ်မနဲ့သာ သက်ဆိုင်တယ်ဆိုတဲ့ ပုံစံနဲ့ပြောနေသောကောင်လေး....
နောက်ပြီး... ခင်ဗျားဆိုတဲ့ တစိမ်းဆန်ဆန် နာမ်စား.
ဟင့်အင်း...ဒီလိုတွေနေရတာ မွန်းကျပ်တယ်ငယ်...ကိုယ်ပြတ်သားသင့်ပြီထင်တယ်...
အိမ်တော်သို့အဝင် လက်မှသွေးတွေကြောင့် ပြာယာခတ်သွားသည့် ဗြောင်သခင်ကြီးတို့သားအဖ....
" ယောလ် ဘာဖြစ်လာတာလဲ.. "
ဘတ်ဟျွန်းလေးကို မျက်မှောင်ကျုံ့ကြည့်ပြီး မေးလာသော သခင်ကြီးဗြောင်
" သခင်ကြီး..လက်က ဘာဖြစ်တာလည်း...ဘတ်ဟျွန်း...နင်ယောက်ဖအသစ်စက်စက်ကို ဘယ်လိုဆက်ဆံလိုက်တာလဲ...ဟင် "
" ဖြန်း..."
ဒေါသကြီးမောကြီး နဲ့မေးကာ ဘတ်ဟျွန်းလေးပါးကို ရိုက်ချလိုက်သော ဗြောင်နာဘီ..
" မင်း ဘယ်လိုလုပ်လိုက်တာလဲ ဗြောင်နာဘီ...မင်းရိုက်လိုက်တဲ့ပါးက ငါတမြတ်တနိုး နမ်းရှိုက်ရတဲ့ ပါးလေးကွ နားလည်လား...ယောက်ဖအသစ် ဟုတ်လား...အဟား...မင်းအဲ့စကားပြောရတာ လိပ်ပြာရောလုံရဲ့လား....."
အတော်ဒေါသထွက်လာပုံပေါ်သော သခင်ကြီးယောလ် ကြောင့် နာဘီတစ်ယောက် အမူအယာတွေပင်ပျက်၍ စိုးရိမ်ထိတ်လန့်နေပေသည်...
" သခင်ကြီးဗြောင် အားတော့နာပါတယ်... စေ့စပ်ပွဲကို ကျနော့ဘက်ကဖျက်သိမ်းပါရစေ...
နောက်ပြီး အကြံအရမ်းပိုင်တဲ့ သမီးတော်လေးကိုလည်း ကိုယ့်ကိုမချစ်တဲ့ယောင်္ကျားတစ်ယောက်ကို ဘယ်လိုရအောင်ယူလည်းဆိုတဲ့ နည်းလမ်းတွေ မေးကြည့်လိုက်ပါဦး..."
...
°°°TBC°°
Feedback လေးတွေနဲ့ အားဆေးလေးတွေ ပေးကြပါ keke 😘😘
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~ 13 ^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)