ကျနော် စွန့်လွှတ်ပေးလိုက်ပြီဆိုပေမယ့်လေ... လူသားတစ်ယောက်ပီပီ အတ္တအနည်းနဲ့အများတော့ ရှိတာပဲ ယောလ်..
ခင်ဗျားကို အဲ့အမျိုးသမီးလက်ထဲ ထည့်ပေးလိုက်ရတာ..
တကယ် နှမြောလိုက်တာ..
" ဟို...appa က ဒီခါးပတ်ကို ပေးခိုင်းလိုက်လို့..."
မနည်းအသံထိန်းကာ ပြောလိုက်သည့် စကားအဆုံး နဂိုကဖူး၍ကြီးလေသော မျက်ဝန်းတို့ထက် ပိုမိုဝိုင်းစက်ကာ အံ့ဩပုံရသောပုံနှင့် လှည့်ကြည့်လာလေသော..ဗြောင်နာဘီ၏ သတို့သားလောင်း...
ရင်ထဲက ခံစားမှုအတိုင်းအတာက မျက်နှာခြင်းဆိုင်ရင် ပိုငိုမိမည့် အခြေအနေပေမို့ ပြင်ဆင်ပေးနေသောသူ၏ လက်ထဲသာလျှငိထိုခါးပတ်အား ထိုးထည့်ခဲ့ကာ ..ပြေးဆင်းလာခဲ့သည်....
တောင်းပန်ပါတယ်.. ကျနော် တကယ်ခံနိုင်ရည်မရှိလို့ပါ...
**************************
" ယောလ်... ခဏနေရင် လက်မှတ်ထိုးကြရတော့မှာ...
သမီးကို မင်းလက်ထဲ အပ်တယ်ကွာ... မင်္ဂလာပွဲကိုလည်း မင်းဘယ်လိုစဉ်းစားထားသလဲ.."
" ကျနော်က အဲ့ဘက်တွေ သိပ်မကျွမ်းဘူးဗျ... ဗြောင်သခင်ကြီးပဲ ကြည့်လုပ်လေနော်..."
" အေးပါကွာ.. အေးပါ...ဟား..ဟား.."
အရမ်းပျော်ရွှင်နေပုံရသော app... နောက်ပြီး အတိုင်အဖောက်ညီလှတဲ့ ယောလ်....
သဘောတွေကျပြီး ပြုံးပြုံးကြီး ဖြစ်နေသော noona...
အားကျနေကြတဲ့ တပြုံးပြုံးနဲ့ အစေခံတွေ...
အားလုံးအလယ် ကျနော်တစ်ယောက်သာ အရှုံးသမား...
ခဏလေးပဲ ဖြစ်ဖြစ် အရာအားလုံးကို မေ့လိုက်ချင်တာမို့ appa အရှေ့က အရက်ခရားကို ဆွဲယူကာ ခွက်မှာပင်ထည့်မနေတော့ပဲ ခရားနှုတ်သီးကနေ မော့ချလိုက်တော့သည်...
ရုတ်တရက်မို့ appa သည်လည်း ကြောင်တောင်တောင် နှင့်ကြည့်နေလေသည်...
" Baekhyun...တော်တော့ မလုပ်ရဘူးလေ...သောက်နိုင်တာလည်း မဟုတ်ပဲနဲ့..."
ပြောရင်းဆိုရင်းနှင့်ပင် လက်ထဲက ခရားကိုဆွဲလုလာသော သခင်ကြီးယောလ်...
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~ 13 ^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)