အထိန်းတော်ကြီး ဂင်ထယ်ရှင်း အတင်းနှိုး၍ အိပ်ရေးမဝပဲ ထလိုက်ရသော သခင်လေးဗြောင်၏ မျက်နှာသည် ပုပ်သိုးလျှက်..

" Gin Arjima... သားအိပ်နေတာကိုဗျာ.."

နှုတ်ခမ်းလေးဆူကာ ပြောနေသော ဗြောင်သခင်လေးမှာ အကောင်လိုက်မြိုချချင်လောက်အောင် အူယားစရာကောင်းလှသည်...

" mayan သခင်လေး...သခင်ကြီးက သခင်မလေးရဲ့ စေ့စပ်ပွဲပါတီကို ချက်ချင်းလုပ်ဖြစ်တာမို့ ပွဲတက်ဖို့ ပြင်ဆင်ခိုင်းလိုက်လို့ပါ..."

"ဘယ်လို ...စေ့စပ်ပွဲ.... မြန်လိုက်တာ..."

အထိန်းတော်ကြီး၏ စကားအကြားတွင် ပြူးပြာသွားရသော ဗြောင်သခင်လေး...

" nae..."

"ဟုတ်...ကျနော်ထွက်လာခဲ့ပါမယ်..."

အထိန်းတော်ကြီးထွက်သွားသည့်တိုင် ကြားရသည်တို့ကို မယုံကြည်နိုင်သေး...

ဘာဖြစ်လို့ အဲ့လောက်မြန်ရတာလဲ....

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အဝတ်အစားတို့လဲ အပြီး.. ရှုပ်ယှက်ခတ်နေသော အစေခံတို့နှင့်ပြည့်နေသည့် စံအိမ်၏ နေရာအသီးသီးကို ဖြတ်ကျော်ကာ ခြံထဲရှိ ချယ်ရီပန်းပင်ခြေရင်းဆီ ပြေးထွက်လာမိသည်...

ချယ်ရီပင်အောက်အရောက်တွင် ချယ်ရီခတ်လေးတစ်ခက်ကို ခုန်ခူးလိုက်ကာ တွယ်ချိတ်ဖြင့် ကုတ်အင်္ကျီရင်ဘတ်တွင် ထိုးထားလိုက်သည်...
ချယ်ရီသည် သခင်လေးဗြောင်၏ အမှန်အသား မဟုတ်ပါလား....

ချယ်ရီပွင့်ကြွေတို့ကို လက်ခုပ်နှင့်ယူကာ ရှူရှိုက်နေခိုက် ကြားလိုက်ရသည့် သဘောင်္ဥဩအသံ...

ဟော...ကို လာချေပြီ...

သဘောင်္ကမ်းကို ကပ်လာမည်ကို မျှော်လင့်ရင်း ချယ်ရီပင်အောက်၌ ယောက်ယတ်ခတ်နေမိသည်...

သခင်ကြီးယောလ် ကမ်းပေါ်လည်း တက်လာလေရော...အတင်းပြေးကာ ကြိုမိသည်....

" ကို.... "

သူ့အတွက်သီးသန့်ဖြစ်သော နာမ်စားလေးကို ရေရွတ်ကာပြေးသွားပြီး အားကိုးတကြီး လက်အစုံကို သွားအုပ်ကိုင်မိသော်ငြား...

ရလိုက်သည့်တုန့်ပြန်မှုသည်ကား...မျက်ခုံးတို့အား တွန့်ချိုး၍ ကြည့်လာပြီး မိမိလက်တို့အား ပုတ်ထုတ်လိုက်ခြင်းပင်...

ထို့နောက် ကြားရသော စကားတစ်ခွန်းမှာ လောကဟာ ချာချာလည်သွားသလို ခံစားလိုက်ရသည်...

" မင်းနဲ့ ယောက်ဖတော်ရမယ့် လူတစ်ယောက်ကို အဲ့လို ပရောပရည် မလုပ်သင့်ဘူး ဗြောင်ဘတ်ဟျွန်း... "

" ကို... ပညာနဲ့အလုပ်ခံရပြန်ပြီထင်....".

မယုံကြည်နိုင်ခြင်းများစွာနဲ့ အတူ သူ့လက်အစုံကို နောက်တစ်ကြိမ်ထပ်ဆုပ်ကိုင်မိပြန်တယ်...

" မဟုတ်ဘူး ဘတ်ဟျွန်း....ယောက်ျားအချင်းချင်း ချစ်ကြိုက်တာတွေကို ရွံလို့.....ငါ့လိုလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေလို့... တကယ်တော့...ငါက ..ခဏတာ မင်းကို ယစ်မူးမိရုံပဲ...မချစ်ခဲ့ဘူး..လုံးဝမချစ်ခဲ့ဘူး....ကျေးဇူးပြုပြီး ငါ့အိမ်ထောင်ဘက်ကို အေးဆေးရွေးချယ်ပါရစေ...မနှောင့်ယှက်ပါနဲ့.."
.
သခင်ကြီးယောလ်၏ မာန်အပြည့်နှင့် စကားတွေအဆုံး...
ဗြောင်သခင်လေးတစ်ယောက် ဆုပ်ကိုင်ထားမိသော လက်အစုံကို ဒီတ်းခါတော့ ကိုယ်တိုင်ကိုယ်ကျ လွှတ်ပေးလိုက်မိသည်...

ဒီတစ်ခါတော့.... ငယ့်ဘက်က လက်လွှတ်ပေးလိုက်ပါပြီ ကို...
ထာဝရအတွက်ပေါ့....
ဟုတ်ပါတယ်.... မှန်ပါတယ်.... ယောက်ျားလေးတစ်ယောက်ကို ပွဲလယ်ခေါ်ထုတ်ပြီး ချစ်သူလို့ပြောရမှာ အဆင်မပြေဘူးဆိုတာ နားလည်ပါတယ်...

အဲ့ဒါကြောင့် လက်လွှတ်ချပေးလိုက်ပြီနော်...
ဒါပေမယ့်... စွန့်လွှတ်ခြင်းမှာ ချစ်ရတဲ့သူပျော်နေမှာပါဆိုတဲ့ စိတ်ရင်းလေးတစ်ခုတည်းနဲ့တင် ဖြေသိမ့်လို့ရပါတယ်လေ..

တစ်ခုပါပဲ ချစ်ရသူ....
မချစ်လို့စွန့်ပစ်လိုက်တာမဟုတ်ဘူး...
ချစ်လွန်းလို့ ... ချစ်ရတဲ့သူ စိတ်တိုင်းကျ လွတ်လပ်စွာ ပျံသန်းနိုင်ဖို့....
ရင်နာနာနဲ့
လွှတ်ချလိုက်ရုံ.......

ရင်နာနာနဲ့ လက်လွှတ်ပေးလိုက်ရတဲ့ ချယ်ရီသခင်ကောင်လေးက ချယ်ရီပင်အောက် သူချစ်တဲ့ချယ်ရီတွေကြား မျက်ရည်တွေကြား ပြုံးနေခဲ့သလို

ကျောခိုင်းလိုက်တဲ့ နောက်ကျောကျယ်ကျယ်တစ်စုံဟာလည်း...
အံတင်းတင်းကျိတ်ကာ မျက်ရည်တွေကို မကျအောင် ကြိုးစားပြီးနေနေရလေရဲ့....

သခင်ကြီးရဲ့ ရေရွတ်သံတွေ ထိုကောင်လေးကြားနိုင်မည်လည်းမဟုတ်...

" ထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ " တဲ့လေ...

°°°°°°To Be Continue °°°°°°

ဘာတွေဆက်ဖြစ်လာမှာလည်း မသိဘူး...TT

သခင်ကြီးယောလ်စိတ်ကို တစ်ခုခုမှန်းကြည့်ပေးကြပါဦး...😢



" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora