ဤသို့နှင့် ... " ချယ်ရီစံအိမ်တော် မှတ်တမ်း " အား စိတ်ဝင်စားမှု များစွာဖြင့်...ဖွင့်ဖတ်မိကြလေသည်....

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁၈၆၈ ၊ မေလ ၂၇ ရက်နေ့...ချယ်ရီစံအိမ်တော်...

" အဲ့တော့ သမီးလေးက ယောလ်ကို သဘောကျတယ်ပေါ့...."

ဧည့်ခန်းထဲမှ ဗြောင်သခင်ကြီး၏ အသံလွင့်ပျံလာသည်ကို ကြားသည်ကြောင့် သခင်လေးဗြောင် တစ်ယောက် လိုက်ကာနောက်ကိုကွယ်ရင်း နားထောင်နေမိသည်...

အသာလေးခိုးကြည့်မိတော့ ပြုံးစစနှင့် appa Byun ရယ် ရှက်ကိုးရှက်ကန်းဖြစ်နေသော အစ်မတော် ဗြောင်နာဘီ ရယ်ကိုတွေ့လိုက်ရသည်...

" nae...appa "

" ကဲ ဒါဆိုတော့လည်း သမီးစိတ်တိုင်းကျပဲ ဖြစ်စေရပါမယ်ဗျာ...သမီးက အရွယ်လည်းရောက်နေပြီရယ်... ယောလ်လိုလူတစ်ယောက်နဲ့ဆိုတော့ appa က စိတ်ချလို့ရတာပေါ့..."

" nae...ခ်ခ်.."

" ငါ့သမီးကတော့ လူရွေးတော်လိုက်တာ ဟား...ဟား..ဟား..."

ရယ်သံတို့လွင့်ပျံနေသော်ငြား...ဗြောင်သခင်လေးမှာ မရယ်နိုင် မျက်ရည်တို့သာ ဝဲတက်လာခဲ့သည်...

နေပါဦး...ဒါ. ..ဒါ..... မင်္ဂလာပွဲ စီစဉ်ဖို့မဟုတ်လား...
ဟုတ်တယ်မလား.... ဘာပဲ ဖြစ်ဖြစ် ကို ကတော့ လက်မခံလောက်ဘူး...ဟုတ်တယ်....လက်မခံလောက်ပါဘူး...
အင်း...လက်ခံမှာ မဟုတ်ပါဘူး...

စိုးရိမ်စိတ်တို့ မြင့်တင်လာသည်ကို ယုံကြည်မှုနှင့် ချိုးနှိမ်ကာ မျက်ရည်ကြားထဲမှာ အားတင်းပြုံးမိသည်..

ကို....ငယ် ယုံကြည်ပါရစေ...

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အချိန်ကား ညနေ ၆ နာရီ..
ချယ်ရီစံအိမ် အတွင်း အစေခံတို့ မထင်မှတ်သော ပါတီတစ်ခု ရုတ်တရက်ထလုပ်သည်မို့ ပျားပန်းခတ်မျှ  အလုပ်ရှုပ်နေကြသည်...

အိမ်တော်၏ သခင်လေးကတော့ သူ၏ အိပ်ခန်းထဲ၌ အိပ်မောကျလျှက်....

" သခင်လေး...သခင်လေး..သခင်ကြီးက နှိုးခိုင်းလိုက်တာ...ထပါဦး..."

" Tears of Cherry " [ Chanbaek ]Where stories live. Discover now