^^TOC ~12^^

Depuis le début
                                        

" အင်း...လာ ဆယ်ဟွန်း..."

" မင်း...ဟိုကလေးကိုလွမ်းနေပြန်ပြီလား သူငယ်ချင်း.."

ချန်းယော်၏ ပုခုံးကိုဆုပ်ကိုင်ကာ ချယ်ရီပွင့်ကြွေတွေကိုငေးကြည့်ရင်း ပြောနေသည့် ဆယ်ဟွန်းပုံစံဟာ အရင်လို လှောင်ပြောင်နေသည့်ပုံမပေါ်...

ညကလည်း အဖြစ်ဆိုးကြီးကို သူကိုယ်တိုင်မြင်လိုက်ပြီး ဘတ်ဟျွန်းနီကို သနားသွားသည်မဟုတ်ပါလား...

" အင်း... ငါသူ့ကို ခဏလေးတောင် မခွဲနိုင်တော့ဘူး.."

သက်ပြင်းချသံနှင့်အတူ လေးလေးဆွေးဆွေးလေး ပြောနေသော ချန်းယောလ်ကိုကြည့်ကာ ဆယ်ဟွန်း သက်ပြင်းမောတစ်ခု ချမိသည်....

" ဟူး..ဘယ်လိုဆက်လုပ်ကြမလဲ ချန်း..."

" ငါ သေ သွား ရင် ကောင်း မယ် "

တစ်လုံးချင်းပြောနေသော ချန်းယောလ်ရဲ့ ပုံစံဟာ တကယ်ဆုံးဖြတ်ချက်ချထားသလိုပုံမျိး..

" ငါ တကယ်ပြောနေတာ ဆယ်ဟွန်း.."

ဆယ်ဟွန်းခေါင်းအတွင်တွင်ခါနေသည်ကို မယုံကြည်၍ခါနေသည်အထင်နဲ့ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြောလာသော ချန်းယောလ်...

" ငါ မင်းကို ယုံတယ် ချန်း... ဒါပေမယ့် မိုက်ရူးရဲ မဆန်သင့်ဘူးလေ....မင်း သေသွားပြီထား အဲ့ကလေးနဲ့ ပြန်တွေ့နိုင်မယ်...ဝိညာဉ်ဘဝနဲ့အတူတူနေနိုင်မယ်ဆိုတာ မသေချာဘူးလေ....လူဆိုတာ သေရင် ဘယ်ရောက်မယ်ဆိုတာ မသေချာသလို...

သခင်လေးဗြောင် နဲ့ သခင်ကြီးယောလ်တို့ကြားမှာ ဘယ်လို သစ္စာတွေ ကတိကဝတ်တွေ ထားခဲ့ကြတယ်ဆိုတာကို မသိပဲ ငါတို့ဘာမှလုပ်လို့မရဘူးလေကွာ..."

" အဲ့တော့... ငါကဘာလုပ်ရမှာလဲ ဆယ်ဟွန်းနီ..."

မျှော်လင့်ချက်မဲ့နေသလို မျက်နှာနှင့် ချန်းယောလ်ကြောင့် ဆယ်ဟွန်း သက်ပြင်းဖွဖွချမိသည်...

" ချယ်ရီစံအိမ်တော်မှတ်တမ်း ကို ဆက်ဖတ်ကြည့်ကြတာပေါ့ ချန်း..."

ပြောရင်းဆိုရင်း အိမ်ထဲ ပြေးဝင်သွားကာ.....မှတ်တမ်းစာအုပ်ကိုယူပြီးနောက် စာအုပ်ကိုပိုက်ရင်း ပြန်ပြေးထွက်လာသော ဆယ်ဟွန်း...

" Tears of Cherry " [ Chanbaek ]Où les histoires vivent. Découvrez maintenant