Unicode ver
AN : ဒီ Story ကို ဖတ်မယ်ဆိုရင် Troye Sivan ရဲ့ Strawberries And cigarettes လေးနားထောင်ရင်း ဖတ်စေချင်ပါတယ် မသက်ဆိုင်ပေမဲ့ ခံစားလို့ကောင်းမယ်ထင်လို့ပါ 😊
22nd September
တတီတီနဲ့အဆက်မပြတ်မြည်နေတဲ့စက်သံတွေ
ကျွန်တော် ကောင်းကောင်းသိနေတဲ့ ဆေးရုံနံ့ ရယ် အဖြူရောင်သန့်သန့် အိပ်ယာခင်းတွေရယ် ဆေးသေတ္တာတွေ ဆေးမှတ်တမ်းတွေနဲ့ ပျံ့လွင့်လာတဲ့ လူနာတွေရဲ့ စကားပြောသံတွေ
အဟက် ဒါပေမဲ့ ကျွန်တော့် နှလုံးသားက ဘာကိုမှခံစားလို့မရဘူး
တဘဝလုံးနီးပါး လွှမ်းမိုးထားတဲ့ ဒီ ညည်းငွေ့စရာ သံသရာစက်ဝန်းကြီးကို စိတ်ကုန်လှပီ
ဒါနဲ့ ကျွန်တော့ အပေါ်က မျက်နှာကျက်တောင် ရှက်နေပီထင်ပါရဲ့
ကျွန်တော် တနေကုန်ကုတင်ပေါ်မှာ လှဲနေရင်းသူ့ကိုပဲ စိုက်ကြည့်နေလို့လေ
ပျင်းလာတာနဲ့ ကျွန်တော့ ညာဘက်က လူနာ ကုတင်ဘက်ကို လှမ်းကြည့်လိုက်တော့ အဲ့လူနာက သူ့မိန်းမလို့ထင်ရတဲ့ အမျိုးသမီးနဲ့ စကားတွေဖောင်ဖွဲ့ပြောနေလေရဲ့
ရုတ်တရက် ကျွန်တော် ရင်းနှီးနေတဲ့ အသံကိုကြားလိုက်ရတယ်
"Jimin ah ..ဘယ်လိုနေလဲ?"
သေချာပါတယ် Seok Jin Hyung ပေါ့ သူကကျွန်တော့်ကို တာဝန်ယူထားတဲ့ ဆရာဝန်ပါ သူကကျွန်တော်ကို ခင်တွယ်တယ် ဒါကြောင့်ကျွန်တော့်ကိုစကားလာပြောမှာလဲ သူပဲရှိတယ်လေ
သူ့ရဲ့ မျက်နှာအနေအထားကတော့ ထုံးစံအတိုင်းပါပဲ
သနားတဲ့ ဝမ်းနည်းတဲ့ အကြည့်တွေ ..
