WIll

595 78 6
                                    

"တစ်..နှစ်..သုံး...ရိုက်"

"တစ်...နှစ်..သုံး..ရိုက်"

အရေးပေါ်ခန်းထဲမှာ အသက်လုနေရတဲ့ hyungကို မှန်သားပြင်ကို ဖြတ်ပြီး ကြည့်နေရင်း သူ့ခေါင်းတွေ ချာချာလည်လာတယ်။ဘေးက ဂျီမင်ကတော့ ကမ္ဘာပျက်နေတဲ့ သူ့ကို တစ်ချက်မကြည့်ဘဲ သူပြောစရာရှိတာတွေကို မှင်သေသေပြောနေတယ်။

"ဟိုဆော့ ရောဂါက ကုလို့မရတာမဟုတ်ဘူး။မကုခဲ့တာ။မင်းကို ထားခဲ့ပြီး တိုင်းတစ်ပါးမှာ သွားမနေချင်ဘူးတဲ့လေ။"

Hyung ရောဂါ သူမသိခဲ့တာ မဟုတ်ဘူး။ဒီလောက်ထိ အခြေအနေဆိုးနေမယ်လို့ မထင်ခဲ့တာ။ကုစရာမရှိပေမယ့် သူ့ပုံစံနဲ့ဆို  သက်တမ်းရှည်ရှည် နေသွားနိုင်မှာပါလို့ တွေးခဲ့မိတာလေ။

"မင်းက သူ့ညီအရင်း မဟုတ်ဘူးဆိုတာကို သိထားလား။"

သူမျက်လုံးတွေက အခန်းထဲက မြင်ကွင်းကနေ မခွာမိပဲ ခေါင်းညိမ့်ပြမိတယ်။

"သူလည်း သိတယ် ထယ်ယောင်း"

ဒီစကားက သူ့အကြည့်တွေကို ဦးတည်ရာ ပြောင်းသွားစေတယ်။သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့ခြင်းတစ်ချို့က အံ့သြခြင်းနဲ့အတူ ရောယှက်ဖြတ်သန်းသွားလေရဲ့။

"Hyungက...... သိနေတယ်။"

ဂျီမင်က ခေါင်းကို ခပ်လေးလေးငြိမ့်ပြတယ်။သူ့ခန္ဓာကိုယ်တစ်ခုလုံး အားလျော့နွမ်းခွေသွားသလိုပဲ။

Hyungက သိခဲ့တယ်ဆိုရင်.....ဘာလို့များ။သူ့ကို hyungဘယ်လိုထင်သွားမလဲ။မေမေ့ကိုလည်း ဘယ်လို ထင်သွားမလဲ။နောက်ဆုံး သူပြုမူခဲ့သမျှဟာ hyungနေရာကို ရယူချင်တဲ့ လောဘကြောင့်လို့များ hyungထင်သွားခဲ့ရင်.....

"မင်းသိသွားရင် အားငယ်နေမှာစိုးလို့၊မင်းတို့ သားအမိဒုက္ခရောက်မှာစိုးလို့။သူဘယ်သူ့ကိုမှ မပြောခဲ့ဘူး။သူမင်းကို ချစ်နေရက်နဲ့ ဒီလျှို့ဝှက်ချက်ကြီးကို ထိန်းပြီး သူ့အချစ်ကို ပြည်ဖုံးကားချခဲ့တာ။မျှော်ကြည့်နေရုံနဲ့ မတင်းတိမ်နိုင်ပေမယ့် နီးနီးလေးမှာ ရှိနေရင်း မင်းကို သူ့အရိပ်နဲ့ အေးချမ်းစေချင်တာလေ။"

ဂျီမင်ပြောနေတာတွေကို သူချေပဖို့ စကားမရှိသလို တုံ့ပြန်ဖို့ရာ အမေးလည်း မရှိခဲ့ဘူး။ဘာလို့ဆို...ဒါတွေကို သူကိုယ်တိုင် ခံစားနိုင်ခဲ့တာပဲလေ။သူလက်နဲ့ မိုက်မိုက်မဲမဲ ပုတ်ထုတ် လျစ်လျူ ရှုမိတဲ့ အကြင်နာတွေမလား။

Phoenixial Heart(Eunoia Contest)Where stories live. Discover now