first and final

726 61 24
                                    

ဆေးလိပ်တွေ သောက်နေပြန်ပြီလားလို့
ကျတော်မေးတော့ ပြန်မဖြေ။ နောက်ကျောပဲ
မြင်နေရပေမဲ့ ဘယ်လို အမူရာမျိုးရှိနေမလဲဆိုတာ ကျတော် သိနေခဲ့တယ်။ မထုံတတ်တေး
ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံ အမူရာပေါ့။
တထောင်းထောင်းထနေတဲ့ ဆေးလိပ်ငွေ့တွေ
ကြား မသဲကွဲတဲ့ ဝရန်တာမီးမှိန်မှိန်အောက်မှာ
အစ်ကို ရပ်နေခဲ့တယ်။  လေတစ်ချက်တိုးသွားလို့ အအေးဓာတ်ပိုလာတာကို သတိထားမိတယ်။အနွေးထည်အင်္ကျ ီအစွန်းနှစ်ဖက်ကို စိသွားအောင်စေ့ရင်း အေးနေတော့မယ် ၊ အထဲဝင်တော့လေ အစ်ကိုလို့ ပြောချင်ပေမဲ့
ပြောမထွက်ခဲ့ပြန်ဘူး။

ခပ်မဆိတ် နဲ့ အခန်းထဲက ကုတင်ကြီးပေါ်မှာ
တစ်ယောက်တည်း ပြန်လှဲနေမိပြန်တယ်။ နဖူး
ပေါ်လက်တင်စရာမလိုဘဲ အတွေးတွေက
ဝရန်တာမှာ ရပ်နေသူဆီကို ဦးတည်တယ်။

စတွေ့တုန်းက အစ်ကိုက ပျော်တတ်တယ်။
ဟက်ဟက်ပက်ပက်ရယ်တတ်တယ်။
စကားပြော ပြီးတိုင်း.ရယ်ချင်လည်းရယ်နေတတ်တယ်။
မျက်လုံးနည်းနည်းပြူ းတယ် ထင်ရသလို တစ်ခါ
လေတော့လည်း.သူ မျက်လုံးမှေးတာလားလို့
ကိုယ့်ဘာသာမေးမိပြန်ရော။ နှုတ်ခမ်းပါးပါးလေး
က စီးကရက်ခဲခဲထားတတ်တယ်။
'ဆေးလိပ်က ကျန်းမာရေးအတွက် မကောင်းဘူးလေ' လို့ အြက်ီးလို
ကိုယ်က ဆုံးမချင်တဲ့လေသံနဲ့ ပြောချိန်က
အစ်ကိုက သွားတွေပေါ်အောင် ရယ်တယ်။ အဲ့တုန်းကထိ အစ်ကို့
ကိုသဘောမကျခဲ့သေးဘူး။ ဘာလို့ သဘောကျ
ရမှာလဲ။ အစ်ကိုဟာ ရည်မှန်းချက်မရှိ ပေါ့ပျက်
ပျက်နဲ့ကောင်လေးပဲ။ ဒီလိုပဲ စသိတုန်းက
ထင်ခဲ့တာပဲ။ဟုတ်လည်း ဟုတ်ခဲ့ပါတယ်။

အစ်ကို့မှာလေးနက်တာ ဘာမှ မရှိခဲ့သလိုပဲ။
သူ့အတွက် အရာတော်တော်များများက အရေး
မပါဘူး။ အားလုံးဟာ ယာယီလိုပဲ သူ သဘော
ထားတယ်။ပိုက်ဆံလည်း သူ စိတ်မပူဘူး။
စာမေးပွဲ မအောင်မှာလည်း သူ စိတ်မပူဘူး။
သူ့ ကောငိမလေး ထားခဲ့တုန်းကလည်း သူ
စိတ်မပူဘူး။ သူ သောက်ချင် သောက်နေမယ်။
စီးကရက် ခဲချင် ခဲနေမယ်။ အယ်လ်ကိုဟော
ကလည်း သူ့ဖု့ ိအလေးနက်မဟုတ်ပြန်ဘူး။
စီးကရက်ကတော့ သူ တွေဝေတိုင်း ထုတ်သောက်
တတ်တယ်။ တစ်ခါလေ သူ ဘာမှ မတွေးဘဲ
စီးကရက်ငွေ့တွေ သက်သက်ပဲ ဖွာရှိုက်နေသလို
ပဲ။ စီးကရက်တွေ တစ်ရက် အလိပ်နှစ်ဆယ်
လောက်သောက်ချင်သောက်နေတတ်တော့လည်း
စီးကရက်က ကိုယ့်ထက်တော့ အရေးပါမှန်း
သိခဲ့ရတာပေါ့။

ကျတော့် ရဲ့သူစိမ်းWhere stories live. Discover now