သူလေးကပဲ စတင်၍ အောက်နှုတ်ခမ်းသားတို့ကို သွားချွန်ချွန်တို့ဖြင့် လာကိုက်သောကြောင့် နှုတ်ခမ်းအစုံတို့ကို အသာတကြည်ဖွင့်ပေးလိုက်မိလေတော့ ရစ်ပတ်နွယ်လာသော လျှာငယ်...
တဖြည်းဖြည်း အနမ်းဆတို့ သိပ်သည်းလာသည်နှင့်အမျှ ပို၍ တောင့်တလာမိသည်....
စိတ်စေရာအရ နှုတ်ခမ်းတို့သည် လည်တိုင်ဆီ အလည်ရောက်မိတော့ ညည်းသွဲ့သွဲ့နှင့် ညည်းသံလေးကို ကြားလိုက်ရသည်...
" umm.... ယောလ် ya..."
မျက်ဝန်းမှေးမှေးလေးတွေကို မှေးစင်းကာ ညည်းညူနေသော ဝိညာဉ်ငယ် သည် လုံးဝ ဆွဲဆောင်မှုအပြည့်...
လက်လေးတစ်ဖက်က မိမိ၏ လည်တိုင်ကိုဖက်တွယ်ကာ ကျန်လက်တစ်ဖက်ကို သူလေး၏ အင်္ကျီအောက် သူ့ဘာသာသူ လျှိုဝင်ကာ ပွင့်ချပ်လေးများကို ဖိချေရင်း ညည်းနေသော ဝိညာဉ်ငယ်လေး၏ ပုံရိပ်သည် တကယ်ကို ရူးသွပ်စေလောက်သည်....
သူလေးသဘောကျ သူလေး၏ ပွင့်ချပ်လေးတွေကို ဝိုင်းကူ၍ ကျီစယ်ပေးလေတော့ နှုတ်ခမ်းလေးကိုက်ကာ မျက်ဝန်းလေးတွေမှေးစင်းရင်း ခံစားနေသော ဝိညာဉ်ငယ်လေး...
အချိန်ကြာလာသည်နှင့်အမျှ မိမိသည်လည်း ခံစားချက်တို့ မထိန်းနိုင်သည့် အခြေအနေမို့ အနမ်းတို့ကို ရပ်တန့်လိုက်မိသည်....
ကလေးငယ်ကို မြတ်နိုးရုံပဲ မြတ်နိုးနေချင်သည်...
မရမယူလို....
" ယောလ် ဘာဖြစ်လို့လဲ ဟင် "
ရုတ်တရတ် အနမ်းတို့ကို ရပ်လိုက်သည်မို့ ကြောင်အအလေးဖြစ်ကာ မေးလာသော ကလေးငယ်...
"ကိုယ်..ကိုယ်... မရတော့လို့..."
" အာ..."
ရှက်သွေးဖြာကာ ခေါင်းလေးငုံ့သွားရှာသော ကလေးငယ်သည် ချစ်စဖွယ်အတိ...
" ကိုယ်က ကလေးကို မြတ်နိုးတာမို့ ကိုယ့်ဆန္ဒအတိုင်း မယူရက်ပါဘူး...."
နဖူးပြင်လေးကို ဖွဖွနမ်းကာ ပြောလိုက်သောစကားကြောင့် ဝိညာဉ်ငယ်ပြုံးပြန်သည်...
" ကျေးဇူးပါ ယောလ်... ကျနော့အပေါ် အဲ့လိုတွေးပေးလို့ "
ကျေးဇူးတင်စကားပြောရင်း ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်လုံးအိအိလေးကို ဖက်ထားလိုက်သည်....
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^TOC ~11^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)