မျက်နှာအနှံ့ကိုလည်း လက်ချောင်းတို့ဖြင့်ထိတော့မိသည်...အိစက်လှသည်...နူးညံ့သည်...
ဝိညာဉ်ငယ်ဖြစ်သည့်အလျှောက် သွေးမရှိသော အသားအရောင်တို့ကလွဲလျှင် တကယ်လူအတိုင်းပင်
ထို့အပြင...်နှစ်ပေါင်း ၁၅၀ ကျော်ရှိနေပြီး ယောလ်သခင်သာလျှင်ထိတွေ့ခွင့်ရပါစေဟူသော ဆုတောင်းနှင့် ကျိန်ဆိုထားသော ဝိညာဉ်ငယ်မို့ထင်သည် .... ထိတော့မှုတိုင်းသည် လူသားတစ်ဦးကဲ့သို့ ခံစားရသည်....
မျက်နှာအနှံ့ကို ထိတွေ့ရင်း နှုတ်ခမ်းနှစ်လွှာအား လက်ချောင်းတို့ဖြင့် ထိတွေ့မိသည့်အခိုက် ထူးဆန်းသော ခံစားချက်နှင့်အတူ ရင်သည်လည်းတလှပ်လှပ်တုန်လာခဲ့သည်...
မီးရောင်ပြပြသာရှိသော ဤအိမ်ထဲတွင် ထိုဝိညာဉ်ငယ်နှင့် နှစ်ယောက်တည်းရှိနေတယ် ဆိုသော အသိ...
နူးညံ့သောအထိအတွေ့.... လှိုင်းသံကလွဲ ဘာမှမကြားရတဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်... မြတ်နိုးမိသော စိတ်အစုံတို့ကြောင့်.. နိုးထလာသော စိတ်တို့ကြောင့်ထင်၏..
သတိထားမိချိန်၌.... နှုတ်ခမ်းပါးတို့ပေါ် မိမိနှုတ်ခမ်းတို့က ထပ်တူညီပြီးသားဖြစ်နေလေသည်....
နောက်ဆုတ်ရန်ရြိုးစားမိသော်လည်း နှုတ်ခမ်းပါးတို့၏ အထိအတွေ့ကား ထိတွေ့လေ...မရုန်းကန်နိုင်လေ ဖြစ်နေလေသည်...
ထိုစဉ် ဖြတ်ကနဲ ပွင့်ကလာသော မျက်လုံးအစုံနှင့်အတူ သူလေးနိုးလာလေသည်....
အံ့ဩရိပ်သန်းနေသော မျက်ဝန်းလေးတွေမှာ မျက်ရည်စတွေ ကပ်ညိနေတာကြောင့် စိတ်မကောင်းတကယ်ဖြစ်သွားရသည်...
" meayn...ဟျွန်း...ကိုယ် စိတ်လွတ်သွားလို့ပါ... တောင်းပန်ပါတယ်.."
" ကျနော့ နှုတ်ခမ်းတွေကို တကယ်ပဲ သဘောကျတာလား..."
"ဟင်..."
တောင်းပန်နေစဉ် ရုတ်တရက် သူလေးမေးလိုက်သည့်စကားကြောင့် ကြောင်အသွားရသည်...
" ပြောလေ.."
" အင်း...ဟျွန်း...ကိုယ်..အွန့်..."
စကားတောင်မဆုံးခင်ပင် သူလေးက ပေါင်ပေါ်တက်ထိုင်ကာ နှုတ်ခမ်းတို့ကို ဦးဆောင်၍ စစ်ဆင်လာခဲ့သည်...
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^TOC ~11^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)