Ep-3

120 18 2
                                    

💘 Crush💘
Ep - 3

မျက်​နှာနုနုလး​ပေါ်ကို သူရိန်​​နေမင်းကြီးရဲ့ ​ရှေ့​ပြေးတပ်​မ​တော်​သားများဖြစ်​တဲ့ ​​ရောင်​ခြည်​တစ်​ချို့ကျ​ရောက်​လာတာ​ကြောင့်​ မနက်​မိုးလင်းပြီဆိုတာ သိရတယ်​......
အိပ်​ချင်​​နေ​သေးတဲ့ မျက်​လုံးကို အားတင်းကာ ဖွင့်​ပြီး ​ကျောင်းသွားဖို့ရန်​ လုပ်​ရတယ်​......

ကျောင်းဆိုတဲ့အရာကြီးက ​ကျောင်းသား​တွေကို နှိပ်​စက်​တဲ့ အကျဉ်း​ထောင်​ကြီးပမာဖြစ်​တယ်​....
တစ်​ခါတစ်​​လေကျပြန်​လည်း ​ကျောင်းတက်​ရတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ခံစားချက်​မျိုးကို ရရှိတယ်​.....

တွေးလက်​စအ​တွေး​တွေကို ​ဖျောက်​ပြီး ​ကျောင်းသွားဖို့ပြင်​ဆင်​ရတယ်​....
ကျောင်းသွားမှ ချစ်​ရသူနဲ့​တွေ့ရမှာ​လေ....
သူက​တော့ ကိုယ့်​ကို မ​မျှော်​​ပေမယ့်​ ကိုယ်​က​တော့ အမြဲသူ့ကို​တွေ့ချင်​​နေမိတယ်​....
ဒါကလည်း baek ရဲ့ ထိန်းမရနိုင်​တဲ့ ​လောဘတစ်​ခု​ပေါ့​နော်​.....
ရူးတယ်​​ပြောလည်းဟုတ်​တယ်​😁
သူ့ကိုရူးမတက်​ချစ်​တယ်​......အသည်း​ပေါက်​တဲ့အထိချစ်​တယ်​.....သူဘာဘဲဖြစ်​​နေဖြစ်​​နေ ချစ်​တယ်​.......
အဲ့ဒါကလည်း baek ရဲ့ အတ္တတစ်​ခုပါဘဲ....
သူနဲ့ပတ်​သက်​ရင်​ အရာရာအားလုံးကို ရင်​ဆိုင်​​နိုင်​တယ်​.....

°•°•°•°•°•°•°•°•°•°•°•°•°

မနက်​ခင်းမိုးလင်းတာနဲ့ အရင်​ဆုံးသတိရတာက​တော့ ကျွန်​​တော့်​ရဲ့ bff ​လေး baek ကို​ပေါ့

သူနဲ့ကျွန်​​တော်​နဲ့က အရမ်းခင်​တာ​ဗျ....
သူမကလည်း အရမ်းစိတ်​ထား​ကောင်းတယ်​​လေ......ကျွန်​​တော်​မြင်​ဖူးသမျှ ကျွန်​​တော်​နဲ့သက်​တူရွယ်​တူ မိန်းက​လေး​တွေထဲမှာ သူမက စိတ်​ထားအ​ကောင်းဆုံးဘဲ.....
ကျွန်​​တော်​ရည်းစား​တွေအများကြီးထားခဲ့ဖူးတယ်​....အကုန်​​ပေါင်းရင်​​တောင်​ သူ့​ခြေဖျား​တောင်​မမှီဘူး....အဲ့​လောက်​ထိစိတ်​ထားဖြူစင်​တဲ့မိန်းက​လေးတစ်​​ယောက်​.....

သူမက ရည်းစားထားရတာ မကြိုက်​ဘူးထင်​ပါရဲ့...သူ့မှာခုထိရည်းစားမရှိ​သေးဘူး....
အဲ့လို​နေတာလည်း ​ကောင်းပါတယ်​​လေ....
တော်​ကြာမဟုတ်​တဲ့ဟာ​တွေနဲ့​တွေ့သွားမှ ကျွန်​​တော့်​သူငယ်​ချင်း​လေး ဝမ်းနည်း​နေရလိမ့်​မယ်​.......

💘 Crush 💘Where stories live. Discover now