1: Calla ( Z + U )

2.3K 153 2
                                    



အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်တွေကို ရုပ်ရှင်ကြည့်ရသလိုမျိုး ကျွန်မအိပ်မက်မက်ခဲ့တယ်။

သူမမွေးခါစမှာတင် သူ့အမေဖြစ်သူ မိန်းမငယ်က သူမကို မီးသတ်ဋ္ဌာနအပြင်ဘက်မှာ ထား,ထားခဲ့တယ်။ မီးသတ်သမားတစ်ယောက်က ကလေးငယ်ကို ကယ်ဆယ်ခဲ့ပြီး မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တယ်။ ထို မိဘမဲ့ဂေဟာမှာ အသက်၁၈နှစ်တိုင်အောင်နေထိုင်ခဲ့တယ်။ မိဘမဲ့ တစ်ယောက် ဖြစ်ပေမယ်လို့ သူမဟာ သန်မာကြံ့ခိုင်ပြီး အမှီအခို ကင်းမဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းခဲ့တယ်။ သူမဘဝဟာ မပြည့်စုံခဲ့ပေမယ့်လည်း သက်သောင့်သက်သာနေနိုင်ရေးအတွက် သူမအလုပ်ကြိုးစားခဲ့တယ်။ သူမလုပ်နိုင်စွမ်းဟာ အကန့်အသတ်နဲ့ပဲ ရှိခဲ့သောငြား သူမဘဝက ကြီးမားကျယ်ပြန့်ခဲ့တယ်။ သူမရဲ့ အောင်မြင်မှု ၊ ကျဆုံးမှု၊ ပန်းတိုင်တွေနဲ့ အိပ်မက်တွေ အချုပ်ဆိုရရင် သူမဘဝ လှပခမ်းနားမှု ကို ကျွန်မ မြင်တွေ့ခဲ့ရတယ် ။

သူမဘဝက တိုတောင်းတယ် ။ ဒါပေမယ့် သူမက မျက်နှာပေါ်က အပြုံးပန်းတစ်ပွင့်နဲ့ နေ့ရက်တိုင်းကို နောင်တမရှိဘဲ ဖြတ်သန်းတယ် ။ သူမ ဆေးရုံတက်နေစဉ်မှာတောင် သူမမျက်နှာပေါ်မှာ အပူအပင်ကင်းမဲ့တဲ့ ပုံမှန် အပြုံးတစ်ပွင့်ရှိတယ်။

သူမဘဝ ပြသပြီးနောက်မှာတော့ ကျွန်မဘဝကို ပြသတော့တာပါပဲ။ { သူမဘဝပြီး ကျွန်မဘဝကို အိပ်မက်ထဲမှာ တွေ့ရတော့တာပါပဲ လို့ပြောချင်တာပါ ၊ ဒါပေမယ့် Calla က အိပ်မက်မက်နေတာမဟုတ်လို့ ဘာသာပြန်တာ တစ်မျိုးဖြစ်သွားတာပါ ಥ_ಥ } သူမဘဝက အရောင်အသွေးစုံလင်စဉ်မှာ ကျွန်မဘဝကတော့ အရောင်အသွေးကင်းမဲ့နေခဲ့ပါတယ် ။ ကျွန်မရဲ့ ငယ်ဘဝကတော့ လူအများကြီးဝန်းရံထားပေမယ့် ကမ်းလင့်ပေးမယ့် လက်တစ်စုံတောင်မရှိရှာတဲ့ အိမ်ကြီးရခိုင် ခပ်ကြီးကြီးမှာ နေထိုင်သော ကလေးမငယ်လေး တစ်ယောက်သာ ဖြစ်ပါတယ်။ ရွှေဇွန်းကိုက်မွေးတဲ့ လိုတရ ဘဝ ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ လောကကြီးထဲက အလိုလိုက်ခံရလို့ ပျက်စီးနေကြ သဘောထား သေးသိမ်ကျဉ်းမြောင်းတဲ့ ကောင်မလေးတစ်ယောက်သာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မဖြစ်ချင်ခဲ့တာ လှပကြော့ရှင်းပြီး ထက်မြက်တဲ့ ကျွန်မအမလိုပါ။

Calla Where stories live. Discover now