❤❤

2.9K 270 7
                                    

"​အဟင့်​ ​မေကြီးကလည်း ဟွန်းငယ်
သွားချင်​တယ်​လို့~"

"မသွားရဘူး ညဘက်​ဘယ်​တုန်းထွက်​ရဘူးလို့လဲဟွန်းငယ်​~"

"ဒီ​နေ့ည တစ်​ညထဲပါ ဟွန်းငယ်
အချစ်​ဆုံးသူငယ်​ချင်း​မွေး​နေ့မို့လို့ပါဆို"

"ဆက်​မ​ပြောနဲ့​တော့~"

"ဟာ ​မေကြီး!!"

ဆယ်​ဟွန်း စကားကိုမကြားချင်​​ယောင်​​ဆောင်​ပြီးအခန်းထဲဝင်​သွားပြီ..

အဟင့်​ ...

မင်​​ဆော့ ​မွေး​နေ့ပါတီအရမ်းသွားချင်​ပါတယ်​ဆို

ဆယ်​ဟွန်း ဧည့်​ခန်းထဲ ဆူပုတ်​ပုတ်​​လေး
ထိုင်​​နေတုန်း...

"ပုကျိ​လေး ဘာ​တွေအလိုမကျ​နေတာလဲ?"

"ကိုကို!!"

ဆယ်​ဟွန်း ကိုကိုချန်း​ယောလ်​​ဆီ​ပြေးကာ
ရင်​ခွင်​ထဲတိုးဝင်​လိုက်​သည်​..

"အားဂူးး ဘာ​တွေဖြစ်​​နေတာလဲ?"

"​​မေကြီး​လေ ဟွန်းငယ်​ကိုအပြင်
ထွက်​ခွင့်​မ​ပေးဘူး!"

"ဟင်​? ပုကျိ​လေးက ဘယ်​သွားချင်​လို့လဲ?"

"ဒီည မင်​​ဆော့​မွေး​နေ့ပါတီ သူငယ်​ချင်း​တွေအကုန်​လာကြမှာ အဟင့်​ စိတ်​ညစ်​တာပဲ"

"ညဘက်​ကြီးလား??"

"အင်း~ "

မျက်​ရည်​အဝဲသားနဲ့ဆို​နေတဲ့ပုကျိက
တကယ်​သွားချင်​​နေပုံပင်​..

"ကိုကို​ပြော​ပေးရမလား??"

အာ့စကားလည်းကြား​ရော မျက်​လုံး​လေး
အ​ရောင်​လတ်​ကာ ​ခေါင်း​လေးခပ်​သွက်​သွက်
ငြိမ့်​ပြ​လေရဲ့...

"ဒါမဲ့ တစ်​ခု​တော့ရှိတယ်​ ကိုကို ကိုယ်​တိုင်
လိုက်​ပို့ခွင့်​ရမှ.."

"ဒါများ ကိုကိုကလည်း​ပြောစရာလို​သေးလို့လားလို့.."

"အို​ကေ ညသွားရပြီ စိတ်​​အေး​အေး​နေ
လိုက်​​တော့"

"တကယ်​​နော်​ ဟွန်းငယ်​ကိုမညာရဘူး​နော်​"

"ကိုကိုညာတာ​တွေ့ဖူးလား??"

'CHANHUN' ( One Shot Collections )Where stories live. Discover now