WIck

2.8K 141 7
                                    


ထယ်......

Phoenixဆိုတဲ့ငှက်လေးတွေကို ရင်းနှီးခဲ့ဖူးလား။
မှော်ဆန်ပြီး လှပတယ်ဆိုတဲ့ သတ္တဝါလေးတွေ......

ပြာပုံထဲအကြိမ်ကြိမ်တိုးပြီး မရဏတရားကို ပြက်ရယ်ပြုနိုင်တဲ့ ချစ်စရာကောင်းတဲ့ မကောင်းဆိုးဝါးလေးတွေပေါ့။

မီးလောင်ပြာကျပြီး အဖန်တရာထပ် သေဆုံးရပေမယ့် ရဲရဲတောက် ပြုံးနေနိုင်လေရဲ့။

ဒီလို သေခြင်းကို ဟားတိုက်လို့ မာန်ချီနေနိုင်ရတဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်ကလေ......

နေရောင်ခြည်တစ်စက်ပါတဲ့။

ထယ့်ကို ကိုယ်သိစေချင်ခဲ့တာ။
ကိုယ့်နှလုံးသားရဲ့ နေခြည်တစ်ပြောက်က ...
မင်းပါလို့လေ။

ဒါပေမဲ့......
မင်းလက်ထဲက မီးတစ်စက ကိုယ့်ကို မှင်သက်သွားစေခဲ့တယ်..........

—-----------------------Phoenixial heart

"မေမေလေး!မေမေလေး!"

မြက်ခင်းစိမ်းစိမ်းနဲ့ ပနံရနေတဲ့ dreambedပြာပြာလေးပေါ်က မိန်းမပျိုက ဖတ်လက်စ စာအုပ်ကို ချပြီး အမောတကောပြေးလာတဲ့ ကလေးကို နူးနူးညံ့ညံ့လေး ပြုံးပြလာတယ်။

"အင်း..ဘာလို့ ပြေးလာရတာလဲ ကလေးရယ်။မောကုန်တော့မှာပဲ။"

စိုးရိမ်မှုပါးပါးလေး ရောယှက်နေတဲ့ ပီတိသံချိုကို သူအလေးမထားအားဘူး။ကလေးငယ်ရဲ့ လက်သေးသေးတစ်စုံဟာ မိန်းမချောလေးရဲ့ ဝမ်းဗိုက်တစ်နေရာကို သွားပြီး ပွတ်သပ်ကြည့်နေလေရဲ့။မျက်လုံးလေးတွေကလည်း မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေ ရောပြီး အရောင်တလက်လက်တောက်လို့။

"ဒီထဲမှာ သားအတွက် ညီလေးရှိတယ်ဆို။"

သူကိုယ်တိုင်တောင် အဖြူ အမည်းမကွဲသေးတဲ့ အရည်လေးတစ်စက်ကို သံယောဇဉ်တွေကြီးပြနေတဲ့ ကလေးကို ကြည့်ပြီး သူမပီတိတွေ ဖြာရပြန်တယ်။

"အင်း.."

သူမရဲ့ အတည်ပြုမှု အဆုံးမှာ ကလေးငယ်ရဲ့ မျက်ဝန်းတွေက ရောင်စဉ်တွေ ဖြာထွက်လာလေရဲ့။နှုတ်ခမ်းစွန်းက ခပ်သေးသေးအရာလေး နှစ်ခုကလည်း ထင်းနေအောင် ထွက်လာပြီးတော့ပေါ့။

Phoenixial Heart(Eunoia Contest)Where stories live. Discover now