" အားးး ပူတယ်ယောလ် ကျ နော့ ကို ကယ် ပါ "
" ဟင်...ဟျွန်း...".
" ငါပါကြားလိုက်တယ် ချန်းယောလ်"
ဆယ်ဟွန်းပါ ကြားလိုက်သည်တဲ့လား....
သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တွေဝေနေမိသည်....
ဆယ်ဟွန်းလည်း အခြေအနေကို သဘောပေါက်သည်ထင်သည်...
" ဗြောင်သခင်လေး....မင်းရှိနေတယ်ဆိုရင် ငါတို့နှစ်ယောက်လုံးကို မြင်အောင်ပြပါ...ကူညီလို့ရမယ့် နည်းကို သဲလွန်စပြပါ....ငါ့ကိုယုံကြည်လို့ရတယ် ငါက ချန်းယောလ်ရဲ့သူငယ်ချင်းပါ.. ငါလည်းတတ်နိုင်သလောက် ကူညီပေးပါမယ် "
ဆယ်ဟွန်းစကားအဆုံး၌ ချယ်ရီပင်ခြေရင်း၌ ပေါ်လာသော လူးလွန့်နေသည့် ခန္ဓာငယ်....
မြင်မြင်ချင်း ဟန်မဆောင်နိုင်စွာ အနားသို့ ပြေးသွားမိလေသည်...
ဆယ်ဟွန်းသည်လည်း အနောက်မှ အပြေးလိုက်လာရင်း ထိတွေ့ဖို့ ကြိုးစားလေသည်....
" ပူတယ် ယောလ် ကျနော် ကျနော် အရမ်းနာနေတယ် တစ်ကိုယ်လုံး..."
ငိုယိုကာ ပြောနေသည့်သူလေးကို တစ်ကိုယ်လုံးရစ်ပတ်ထားသော ကြိုးများပြေစေရန်အလို့ငှါ နှစ်ယောက်သား ကြိုးစားဖြည်ပေးသော်ငြား ကြိုးများက မပြေ. ...
" ဝိညာဉ်ကောင်ကို အဲ့လောက်တောင် စိုးရိမ်တာလား ကိုကို "
ခနဲ့တဲ့တဲ့စကားသံကြောင့် လှည့်ကြည့်လိုက်တော့ လက်ပိုက်လျှက် ကြွကြွရွရွ လျှောက်လာသော Jiwoo
ဘေးတွင်လည်း ဆာဒူးကြီးသဏ္ဍာန်အဖိုးကြီးက မီးခဲထည့်ထားသော လက်ကိုင်ပါ မြေခွက်တစ်ခုကို ကိုင်တာ ပါလာသေးသည်....
" မင်း...မင်း Jiwoo မင်း ဘယ်လိုလုပ်လိုက်တာလဲ... "
ဒေါသတကြီးနဲ့မေးသော်ငြား ဂရုမစိုက်ဟန်ပြုနေသော သူမကြောင့် လက်သီးကျစ်ကျစ်ဆုပ်ကာ ဒေါသကိုမနည်းထိန်းထားရသည်..
" နင် လူမဆန်လိုက်တာ "
ဆယ်ဟွန်းသည်လည်း ဆို့နစ်စွာ ရေရွတ်လေသည်...
သူမနှင့် မျက်နှာချင်းဆိုင်အနေအထားရှိနေတာတောင်မှ မထီမဲ့မြင် လုပ်နေသာ သူမသည် သတ်ပစ်ချင်စရာ...
" နင်က ဟိုသရဲဘက်ကလား ဆယ်ဟွန်း..."
" ငါက အမှန်တရားဘက်က Jiwoo"
ဆယ်ဟွန်း၏ စကားက အရှုက်ထိသွားပုံရသည်.. သူမမျက်နှာကွက်ကနဲ ပျက်သွားလေသည်...
ဒေါသတကြီးဖြစ်လာသည့်မျက်နှာကို မနည်းထိန်းကာ သူမ မျက်စပစ်လိုက်သည်နှင့် တပြိုင်နက် သူမ၏ဘေးမှ လူကြီးက မီးခဲထည့်ထားသော မြေခွက်ထဲသို့ စီရင်ထားသော အမှုန့်ဟု ထင်ရသော အမှုန်များအား ပက်ထည့်လိုက်သည်.....
ပါးစပ်မှလည်း မန္တန်တစ်ခုခုကို ရွတ်ဖတ်နေလေသည်....
" အား...ယောလ်ရေ... ကယ်ပါဦး..."
စူးနစ်စွာအော်လိုက်သော အသံလေးအကြားတွင် ချန်းယောလ်ရော ဆယ်ဟွန်းပါ နှစ်ယောက်လုံး ဟျွန်းလေးနား အပြေးသွားမိလိုက်ကြသည်.....
သို့သော် ကလေးနား ရောက်ခါနီး နှစ်ပေခန့်အလိုတွင် အလယ်၌ တစ်ခုခုခြားထားသလိုဖြစ်ပြီး နှစ်ယောက်လုံး နောက်ပြန်လန်ကျသွားရလေသည်...
" ဟား....ဟား...ဟား.... ဒီလိုကျ သနားစရာလေးပဲနော်...ဟျွန်းလေးက...ခ်ခ် "
ကူကယ်ရာမဲ့ ဟျွန်းကို လက်ညှိုးထိုးကာ ပျက်ရယ်ပြုနေသော ထိုမိန်းမအား တစ်ခုခုလုပ်ပစ်လိုက်ချင်သော ဆန္ဒရှိသော်လည်း သတိရသွားမိသည်က မိမိ၏ မိဘများမျက်နှာပျက်ရမည်ကိုပင်....
ဒေါသကိုချုပ်တည်း၍ ကလေးငယ်ကို လှည့်ကြည့်မိတော့ မြေပြင်၌ မျက်ရည်အရွှဲသားဖြင့် လူလွန့်နေသောကလေး....
မျက်စိအရှေ့တွင်ပင် ကလေးကို အထပ်ထပ်ရစ်ပတ်လာသော ခုနကစည်းတားထားသည့်ကြိုးတွေ....
" အား....ပူတယ်....ယောလ်....ကယ်ပါ... ပူလိုက်တာ "
ထွန့်ထွန့်လူးကာ အရမ်းခံစားရလို့ အာခြစ်အော်ငိုနေသော ကလေးကို သက်သာအောင်လုပ်ပေးချင်သော်ငြား မိမိမှာ ဘယ်လိုမှ မတတ်နိုင်သည့်အဖြစ်...
အင်း...တစ်လမ်းပဲ ရှိတော့တယ်...တောင်းပန်ရမယ်...တောင်းပန်မှရမယ်ထင်တယ်....
အတွေးနှင့်အတူ မာနကို ခဝါချကာ ထိုဆရာကြီးရှေ့ ဒူးထောက်မိသည်.....
" တော်ပါတော့ ကျနော်တကယ်တောင်းပန်ပါတယ်...မလုပ်ပါနဲ့တော့ဗျာ...တ တကယ် တောင်း ပန် ပါ တယ် "
ရှိုက်သံတစ်ဝက်ပါနေတဲ့ တောင်းပန်မှုအဆုံး ထိုလူကြီး ဟက်ကနဲရီသည်...
" ကောင်းပြီကောင်လေး.... အပေးအယူတော့ရှိမယ်.... "
°°°°°To Be Continue °°°°°°
#EaintThiriAung
#real_etra 💫💫💫
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC~10^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)