" ဟုတ်ပြီကွာ... မင်းနဲ့ငါ ကျောင်းဆင်းရင်အတူတူလိုက်ခဲ့မယ်...Jiwoo ရိုက်ထုတ်ရင် ငါမပါဘူးနော်...ဟား..ဟား."

ဆယ်ဟွန်း ရဲ့ လှောင်ပြောင်မှုတွေကို လျစ်လျူရှုကာ ကျေုာင်း canteen ထဲ ဟိုဟာဝယ်စား ဒီဟာဝယ်စားနှင့် ညနေကျောင်းဆင်းချိန်ကို ရောက်ရန် အချိန်ဖြုန်းမိလေသည်...

ကလင်...ကလင်...ကလင်..

ကျောင်း၏ electric bell မှ မြည်သံကြားတော့ အတော်ဝမ်းသာမိသွားသည်...
နာရီကြည့်တော့ 6 pm
တညောင်းကြီးထိုင်သောင့်ရသည့်ဝဋ်ကျွတ်၍လား... မိုးချုပ်ခါနီးသည့်အလျောက် ကလေးနဲ့ တွေ့ရတော့မည်မို့လားတော့ မသိတော့....

" ကဲ... လာ သွားကြတာပေါ့..ယောလ်သခင်ကြီးခင်ဗျ "

ကားသော့ကို လက်ညှိုးနှင့် လှည့်ကာကစားရင်း ဆယ်ဟွန်းတစ်ယောက် ရွဲ့တဲ့တဲ့ပြောလာသည်ကိုလည်း ဂရုမစိုက်နိုင် အိမ်ကိုပြန်ရောက်ချင်သည့် ဇောနှင့် သူ့ကားပေါ်သာ အလျင်အမြန် တက်မိသည်...

လမ်းတစ်လျှောက်လည်း စဉ်းစားလာသမျှသည် ဟျွန်းနှင့် ပတ်သတ်သည်ချည်းပင်....

" ချန်းယော်...မင်းအိမ်ကြီးလင်းထိန်နေပါလား..."

ဆယ်ဟွန်းစကားကြောင့် ခပ်လှမ်းလှမ်းမှလှမ်းမြင်နေရသော မိမိတည်းသည့်အိမ် ၊ တစ်နည်းအားဖြင့် " ချယ်ရီစံအိမ်တော် " သည် ကညင်ဆီမီးအလင်းရောင်တို့နှင့် နီရဲကာ လင်းထိန်နေလေသည်....

မဖြစ်ဘူး...ကလေးက မီးကြောက်တယ်...

" မြန်မြန်မောင်းပေးပါ ဆယ်ဟွန်း..."

ဆယ်ဟွန်း ပုခုံတို့ကို အသည်းအသန်ပုတ်ကာ အမြန်မောင်းခိုင်းတော့ကြောင့် ဆယ်ဟွန်းလည်း ကြောင်နနဖြင့် အရှိန်တင် မောင်းပေးရလေသည်....

ချယ်ရီစံအိမ်ရှေ့အရောက်တွင်တော့ ခြံအဝကပင် ကြားနေရသည့် မန္တန် ရွတ်ဖတ်သံတွေက ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားသည်.... ဘာတွေ ဘယ်လိုဖြစ်နေရတာလဲ....
.
အသိစိတ်လွတ်တဲ့ လူတစ်ယောက်လို အိမ်ဆီကို တစ်လှမ်းချင်းစီ လျှောက်မိသည့်အခိုက် ခလုတ်တိုက်မိသွားသော ကြိုးတန်းတွေ...
.
ပုံပန်းသဏ္ဍာန်အရ ဂါထာမန္တန်အစီအရင်တွေနှင့် လုပ်ထားသော ကြိုးနှင့်တူလေသည်.....

" Tears of Cherry " [ Chanbaek ]Where stories live. Discover now