ကောင်လေး၏ ရှည်လျားသော ဖြေရှင်းချက်အဆုံး အစိုးမရသော မျက်ရည်တို့သည် ပါးပြင်ထက် အထိန်းအကွပ်မဲ့စွာ ကျဆင်းလျှက်....

" မငိုပါနဲ့နော် ယောလ်..."

သူ့ရဲ့လက်သွယ်သွယ်လေးတွေနဲ့ ထိတွေ့သုတ်ပေးဖို့ကြိုးစားသော်ငြား ညဘက်ကလို ထိတွေ့လို့မရတော့....

" ကျနော်က ဝိညာဉ်ဆိုတာ မေ့သွားတယ်ယောလ် နေ့ဘက်တွေမှာ ယောလ်ကို ထိတွေ့ခွင့်ရှိမှာမဟုတ်ဘူး ကျနော်တို့ရှင်သန်မှုတွေက စည်းတွေနဲ့လေ ယောလ်ရယ် "

ကြည့်နေရင်းနှင့်ပင် နေမြင့်လာသည်နှင့်အမျှဝေဝါးလာသော ပုံရိပ်ငယ်...

"နှုတ်ဆက်ပါတယ်နော် ယောလ်... ညကျ ကျနော်လာခဲ့ပေးပါမယ် "

ကတိတစ်ခုပါတဲ့ နှုတ်ဆက်မှုအဆုံး ပျောက်ကွယ်သွားသော ပုံရိပ်ငယ်...
ရင်အစုံဟာလည်း ဟာတာတာနဲ့ လစ်လပ်ခဲ့တယ်....
ကိုယ်တို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ ဟျွန်းရေ...

*******************************************

မျက်နှာသစ်ပြူပြီး အိမ်ရှေ့ထွက်လာတော့ ဆိုဖာပေါ်၌ Jiwoo မရှိတော့... ဆိုဖာပေါ်ကပ်ထားသော " ဟိုဘက်ကမ်းက ပုလဲတွေရောင်းတဲ့ဘက်သွားတယ် ညနေလောက်မှပြန်ရောက်မယ်.." ဆိုတဲ့ sticker note ကိုတွေ့တာကြောင့်...
အိမ်ကိုသော့ပိတ်ကာ ဆယ်ဟွန်း ရှိနေမည့် စာသင်ကျောင်းဆီ bus စီးကာ ထွက်လာခဲ့လိုက်သည်...

စာသင်ကျောင်းအဝင်ပေါက် ဂိတ်တဲလေးထဲ ထိုင်နေတဲ့ ဆယ်ဟွန်းက သူ့ကိုမြင်တော့ လက်ပြနှုတ်ဆက်ရင်း ပြုံးစိစိနှင့်ဆင်းလာလေသည်...

" ဘယ့်နှယ်သားကြီး ညက ကယောင်ကတမ်း နဲ့စာတွေပို့တာလား... သခင်လေးဗြောင်နဲ့တွေ့တယ်ဘာညာဆိုတာ..."

" ငါတကယ်ပြောတာ ဆယ်ဟွန်း..,ဒီလိုကွ...*&^%#$*&^%"

ဖြစ်ကြောင်းကုန်စင် အကုန်ရှင်းပြတော့ ခေါင်းတစ်ခါခါနှင့်ဖြစ်နေသော ဆယ်ဟွန်းဟာ ယုံကြည်ပုံမရ...

" သွားပြီးချန်းယောလ် မင်း psycho ဝင်နေပြီ.... ယုတ်တိမရှိတာတွေကွာ..."

"မင်းမယုံရင် ဒီညလာခဲ့..."

စိတ်ထဲအလိုမကျ ဒေါသထွက်မှုနှင့်အတူ စိန်ခေါ်မိတော့ ဆယ်ဟွန်းက ဟက်ဟက်ပက်ပက် ရယ်ပြန်သည်...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now