Yen---40 (Final)

19.2K 1.5K 203
                                    

[Zawgyi]

ဒီနေ့တော့ Baekhyun အိပ်မက်တွေပြည့်သည့်နေ့ဟုပြောရမည်ထင်သည်…။Morning message မပို့ထား၍လားဆိုတော့ မဟုတ်… companyကို စောစောသွားတတ်သော သူက Baek မျက်လုံးနှစ်လုံးမပွင့်ခင်ကတည်းက morning message ကို ပို့ထားတတ်ပြီးသား။ ကျောင်းကိုမပို့ပေး၍လားဆိုတော့လည်း မဟုတ်ပြန်။ ဒီနေ့က ကျောင်းပိတ်ရက်မို့ ကျောင်းအကြိုအပို့နှင့်ပတ်သက်၍ အထွေအထူးစိတ်ကောက်ပြနေစရာ အကြောင်းကမရှိ… … …။

စိတ်ကောက်ရန် အကြောင်းရှာနေသော Baekhyun အတွက် စိတ်ကောက်ဖို့အကြောင်းတရားရောက်လာပေးတော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုဖြစ်နေသည်…။ သို့မှမဟုတ်… Baek ကိုယ်တိုင်ကပဲ စိတ်မရရအောင် ကောက်ပါမည်ဟု အားခဲထား၍လားတော့မသိပါ…။

~Bae… ကိုယ်တို့ကုမ္ပဏီနားမှာ ကိတ်ဆိုင်အသစ်ဖွင့်တယ်…။ Kai တို့ဌာနက ဝန်ထမ်းတွေစားကြည့်တာတော့ ကောင်းတယ်တဲ့။ Babyက ကိတ်ကြိုက်တတ်လို့ ကိုယ် ဝယ်ပြီး လာပို့လိုက်မယ်…~

ရောက်လာသော စာတိုလေးကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။ ဖုန်းကိုရော…လူပါ တစ်ပြိုင်နက်တည်း ကုတင်ပေါ်ပစ်လှဲရင်း အော်ညည်းလိုက်မိ၏…။

" အချော့ခံချင်တယ်… အချော့ခံချင်ပါတယ်ဆို! "

မွေ့ရာထဲ မျက်နှာကိုနစ်မြုပ်နေသည်အထိ အိပ်နေရင်း Baek အလိုမကျဖြစ်လာသည်။ Ommaတို့ကို တိုင်တည်ပြောပါလျှင်လည်း ရူးနေပါသည်လားဟုဆိုကာ Baekပင် အထုအထောင်းခံရကိန်းကိုမြင်နေရသည်။ Park Chanyeol တို့က လက်မထပ်ခင်ကတည်းက ယောက္ခမတွေ၏အချစ်ကို တောင်းနှင့်ပင်အပြည့် အပိုင်သိမ်းထားပြီးသား… … …။ Baekhyunက သားအရင်းမဟုတ်ဘဲ Chanyeolကသာ သားအရင်းဖြစ်နေသည့်အလား။

အစက သဘောမတူသော Appaသည်ပင် Chanyeol၏ ရည်မွန်သောဆက်ဆံရေးအောက်တွင် တစ်စထက်တစ်စအရည်ပျော်လာလိုက်သည်က စနေနေ့ညတိုင်း အိမ်မှာညစာအတူစားခိုင်းသည်အထိဖြစ်လာသည်…။Hyung Baek Wonဆို ပြောမနေနှင့်တော့…။

" အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ကောက်ပစ်လိုက်ရမလား "

မဖြစ်သေး…မဖြစ်သေး။ တွေးမိတွေးရာတွေးလိုက်မိသောအတွေးအဆုံးတွင် ခေါင်းကိုခါယမ်းရင်း မိမိအတွေးကိုမိမိ ဆန့်ကျင်လိုက်ရ၏…။မိသားစုနှင့်ဝေးကွာနေသောChanyeolသည် ယခုမှမိသားစုနှင့်ပြန်နီးကပ်သယောင်ဖြစ်နေသည့်အတွက် ထိုအချက်ကိုအသုံးချကာ စိတ်ကောက်မပြချင်ပါ…။

---Yen--- [Complete]Where stories live. Discover now