[Zawgyi]
ပြတင်းပေါက်မှတဆင့်မြင်နေရသော ကောင်းကင်ကြီး။ နောက်... လေတိုက်တိုင်း လှုပ်ခတ်နေသော တစွန်းတဖျမြင်နေရသည့် သစ်ပင်ထိပ်ကသစ်ရွက်ကလေးတွေ...၊ နေရောင်ခြည်ဖျော့ဖျော့က အတန်းထဲကို မသိမသာခပ်တိုးတိုးလေး ခိုးဝင်လာနေသည်။
" အ! "
နံဘေးမှ အားကြိုးမာန်တက်ပြေးသွားသော ကျောင်းသားတစ်ယောက်၏ ထိတိုက်သွားမှုကြောင့်...လက်ထဲကဖောင်တိန်လေး ကြမ်းပြင်ထက်ကို ပြုတ်ကျသွားသည်...။
" ဟာ...ဆောရီးဆောရီး Baekhyun...ဆောရီးနော်... "
လက်တကာကာနှင့် အသည်းအသန်တောင်းပန်ဟန်ပြုရင်း ထိုကျောင်းသားက အတန်းရှေ့ကိုဆက်ပြေးသွားသည်...။ ဖောင်တိန်ကိုကား ကောက်မပေးသွား...။ ထိုကျောင်းသားအနောက်က ပြေးလိုက်လာသော ကျောင်းသူက လက်သီးတပြင်ပြင်နှင့် အနောက်ကနေ ဆက်ပြေးလိုက်သွားသည်...။ အတန်းထဲပျံ့လွှင့်နေသော ရယ်သံပြေးလွှားသံတွေကြား... အပြုံးတစ်ချက်ပြုမိရင်း စားပွဲခုံအောက်ခြေထောင့်နားရောက်နေသော ဖောင်တိန်လေးကို ငုံ့ကိုင်းကောက်လိုက်ရသည်...။
ဖောင်တိန်လေး လက်ထဲရောက်ခိုက် ရှိုက်သံတစ်ချက်ထွက်ကျလာ၏... ... ...။ ထို့ကြောင့် လက်ထဲက ဖောင်တိန်လေးကို တစ်ချက်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း စားပွဲပေါ်လေးပင်စွာ ပြန်ချလိုက်သည်။ နောက်ဘက်စွန်းနားက ထိုင်ခုံလေးရှိရာဆီ အကြည့်ပို့မိတော့ လစ်ဟာနေဆဲဖြစ်သော ထိုင်ခုံလေးက ယခုထက်တိုင် ဗလာဖြစ်နေဆဲ... ... ...။ ကြည့်နေဆဲ မြင်ကွင်းတွေ ဝေဝါးလာပုံထောက် မျက်ဝန်းထဲ မျက်ရည်ကြည်တွေ ပြည့်နှက်လာပြန်ပြီထင်ပါသည်...။
အဆုံးသတ်တစ်ခုမှာတော့...စားပွဲခုံပေါ်မှောက်လျက်အိပ်လိုက်ရင်းသာ တအင့်အင့် ငိုရှိုက်လိုက်မိတော့သည်...။နာကျင်နေသောဒီနှလုံးသားကို သူ မြင်နိုင်ပါမည်တဲ့လား... ... ...။