"ပြီးပြီ အစ်ကိုတော်။"
"ကဲ ဒါဆိုသွားကြမယ်။
ရထားလုံးတွေလည်းအသင့်ဖြစ်နေပြီ"ခမည်းတော် မယ်တော်တို့ကို နှုတ်ဆက်ပြီးတာနဲ့ မောင်နှမနှစ်ယောက် ခရီးနှင်ခဲ့တော့တယ်။ လက်ဆောင်ပဏ္ဍာလှည်းတွေ ကိုယ်ရံတော်တပ်မှုးတွေ ခြံရံပြီးတော့ပေါ့။
ဟံသာဝတီကနေ ရာမညတိုင်းဆီရောက်ဖို့ တစ်ညအိပ်လောက် ခရီးနှင်ရတယ်။ ဒါ့ကြောင့် ခမည်းတော်က ကိုယ်ရံတော်များနှင့် ရဲမက်များ ဂရုတစိုက်ထည့်ပေးလိုက်ခြင်းပင်။ရာမညမှာရှိတဲ့ ညီမတော်နဲ့တွေ့ဖို့တွေးပြီး ထိပ်ထားစိတ်လှုပ်ရှားမိတယ်။ သူတို့မတွေ့တာ ကြာပြီလေ။ အစ်ကိုတော်တွေများတဲ့ထိပ်ထားအဖို့ ညီမတော်ဆိုတာ ရှားရှားပါးပါးပါပဲ။ ဒီကောင်မလေးအခုဆို တော်တော်အရွယ်ရောက်ရောပေါ့...။
________🪔ထိပ်ထား🪔___________
"ကြည့်အုန်း ခင်ခင်လေး ညီမတော် အရပ်ကြီးကရှည်လာလိုက်တာ။"
"အစ်မတော်လည် ပိုပြီးအလှသွေးတွေ ကြွယ်လာတယ်"
ရာမညရောက်ပြီးကတည်းက ဦးရီးတော်ကို နှုတ်ဆက်ပြီးတာနဲ့ ညီမတော်နဲ့အလွမ်းသယ်နေခြင်းဖြစ်သည်။ အစ်ကိုတော်ကတော့ ထုံးစံအတိုင်း လက်ဆောင်ပဏ္ဍာပေးရင်း ဦးရီးတော်နဲ့ စကားကောင်းကျန်ခဲ့တယ်။
"အစ်မတော် ဒီတစ်ခါလာတာ ကြာကြာနေမယ်မလား။ ဟိုးတမြန်နှစ်ကတည်းက မလာတာဆိုတော့ ကြာကြာနေသင့်တယ်"
"အွန်း ဒီတစ်ခါတော့ ကြာကြာနေမလားလို့။ အစ်ကိုတော်ကြီးပြန်ချင်လည်း ပြန်ပါစေပေါ့နော"
ထိပ်ထားစကားကြောင့် ညီမဖြစ်သူကပြုံးသွားရတယ်။ သူတို့ညီအမတွေ မတွေ့ရတာကြာပြီလေ။ တွေ့တိုင်းရာမညတိုင်းထဲ ရုပ်ဖျက်ပြီး လျှောက်လည်ကြသည်။ ဒါကတော့ထုံးစံ။ အစ်မတော်ဖြစ်သူက နန်းတွင်းထဲဆို ငြီးငွေ့လွယ်သလို လည်ပတ်တာကြိုက်တဲ့ ခင်လေးနဲ့တွဲမိတော့ ညှိစရာမလိုတော့။
"ညီမတော် အသားတွေညိုသွားတယ်"
"ဟင် ဟုတ်လား။ ဟီး နန်းတွင်းကခိုးထွက်ပြီး အပြင်ထွက်လည်တာ များလို့နေမယ်"
YOU ARE READING
ထိပ်ထား
Historical Fictionမည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
နဒီ သို့မဟုတ် မြစ်တစ်စင်း
Start from the beginning