part 22

6.4K 458 63
                                    

စကန်​ကတည်းက ​ဘောလုံးကန်​တာလား လူလာရိုက်​တာ
လား မသဲကွဲသလိုပင်​ ဖြစ်​​နေမိသည်​။

ဆက်​မင်းပိုင်​တို့အသင်းက လူ​ကောင်​ခပ်​ထွားထွားများ
သည်​ ။  ​ဘောလုံးကန်​သလိုနှင့်​ တစ်​ဖက်​လူကို

ဒဏ်​ရာရ​အောင်​လုပ်​​နေကြသည်​များကို အား​ပေးသည့်
သူများကမြင်​ပြီး ​ရေသန့်​ဘူးများနှင့်​ကွင်းထဲကို ပြစ်​​နေကြ
သည်​။

ဆရာ ၊ ဆရာမများကလဲ တစ်​ခါဖြစ်​ဖူးသည်​မို့ ဒီထက်
အ​ခြေအ​နေမဆိုး​အောင်​ တား​နေကြသည်​ ။

" ကျစ်​ ဒီ​ကောင်​​တွေက အဲ့လိုပဲ ဘယ်​ပွဲမဆို သူတို့ရှုံးကာ
နီးရင်​ လူကိုထိခိုက်​​အောင်​လုပ်​လိုက်​ရမှ ​ကျေနပ်​တဲ့ဟာ
တွေ "

သူတို့​ကျောင်းကသူ​တွေဆို​တော့ ပိုပြီးသိ​နေကြမှာ​ပေါ့ ။
သို့​သော်​ ကျွန်​​တော့်​မှာ ကိုရဲကိုထိခိုက်​​အောင်​လုပ်​မည်​စိုး
၍ အကြည့်​ပင်​မလွှဲနိုင်​ ။

ခဏနားချိန်​​ရောက်​​တော့ phက msg ဝင်​သံကြားရသည်
မို့ ကြည့်​လိုက်​​တော့ unknown number

" ဟိုဘက်​အသင်းမှာ ​ကျောနံပါတ်​  21 ဆိုတဲ့တစ်​​ယောက်
က babyနဲ့တတွဲတွဲ​နေတဲ့အ​ကောင်​မလား ? "

စာကိုဖတ်​ကြည့်​လိုက်​ရုံဖြင့်​ဒီစာကို ဘယ်​သူပို့လဲ သိနိုင်
သည်​။

" မင်းဘာမှ​လျှောက်​မလုပ်​ပဲ ​အေး​ဆေး ကစားပါ "

ဟူးးး သက်​ပြင်းချလိုက်​မိ​တော့ ​ဘေးမှာထိုင်​​နေသည့်
သူဆီက အကြည့်​တစ်​ချို့ရလိုက်​သည်​ ။

" ကိုယ်​က ​အေး​ဆေးကစား​ပေမယ့်​ ကိုယ့်​​ဘော်​ဒါ​တွေက
တော့မရဘူး​လေ "

သူဒီလိုအ​ကြောရှည်​​နေတာ ဘာအ​တွက်​လဲ ?

" မင်းဘာဖြစ်​ချင်​တာလဲ ဒဲ့သာ​ပြော​တော့ "

" ကိုယ်​ babyနဲ့ပြန်​တွဲချင်​တယ်​ "

Hk ​ပြောတတ်​တယ်​ ။

" ကိုယ့်​​ဘော်​ဒါ​တွေက ​ခြေ​ထောက်​ကိုတစ်​သက်​လုံး
ဘောလုံးကန်​လို့မရ​အောင်​အထိ လုပ်​နိုင်​တယ်​ဆိုတာ
ယုံလား ? "

OLDFLAME ( Completed) Where stories live. Discover now