Part - 1

19.9K 984 36
                                    

အခန်း (၁)

'' ပြန်လာပြီလား ကိုသု ''

'' အေး ''

အိမ်ထဲ ဝင်ဝင်ချင်း ဆီးကြို နှုတ်ဆက်လာသည့် အလင်းသစ် ။ ကျောပိုးအိတ်ကို ခုံပေါ် ပစ်တင်ပြီး ရှပ်အင်္ကျီ ကြယ်သီးတွေကို ဖြုတ်မိ၏။

'' နေ့လည်က မဇူးကို ဟိုဘက်ရပ်ကွက်မှာ တွေ့ခဲ့သေးတယ်  ''

စားပွဲခုံပေါ်က ရေသန့်ဘူးကို ယူပြီး မော့သောက်လိုက်၏။ သစ် ကို ကြည့်မိရာ ဆက်ပြောဖို့အတွက် တွန့်ဆုတ်နေပုံမို့ စကား ထောက်ပေးရတော့သည်။။

'' ရဲခေါင်နဲ့ အတူတွေ့ခဲ့တာလား ''

ညီဖြစ်သူ အလင်းသစ်က ခေါင်းညိတ်ပြီး အဖြေကို ပေးလာ၏။ ဇူးနဲ့ ရဲခေါင်တို့ ဦးတည်ချင်နေသည့် ခြေလှမ်းကို သိနေ၍ ပြုံးရုံသာ တုံ့ပြန်ဖြစ်သည်။ ကိုယ့်အား ကိုယ့်ခွန်နဲ့  ရုန်းကန် ရပ်တည်နေရသည့် ဘဝမှာ ချစ်သူမိန်းကလေးအတွက် ပျက်ကွက်မှုတွေ များခဲ့တာ ကာယကံရှင် ကိုယ်တိုင် အသိဆုံးပင်။ ရည်ရွယ်ဇူး ၏ ယိမ်းညွတ်မှုများ သွေဖယ်ချင်နေတာကို ရိပ်စားမိပေမဲ့ ဆိုးဆိုးဝါးဝါး ခံစားချက်တို့က ဖြစ်ပေါ် မလာခဲ့။

'' မဇူးနဲ့ ကိုရဲခေါင်ရဲ့ ဆက်ဆံရေးက တစ်မျိုးပဲ ''

'' ဘယ်လို တစ်မျိုးလဲ ''

'' အထင်သက်သက်နဲ့တော့ ပြောလို့မကောင်းဘူး။
ဒါပေမဲ့ ကျွန်တော့်စိတ်ထဲတော့ သဘောမကျဘူး ''

'' အင်း ''

" ဒါပဲလား။ မဇူးက ကိုသု ကောင်မလေးလေ။ ဘယ်လိုမှ မခံစားရဘူးလား "

" အင်း။ ဒါပဲ "

တုံးတိဖြေပြီး မတ်တပ်ထရပ်တော့ သစ်က နားမလည်နိုင်စွာ ကြောင်ကြည့်နေဆဲ။ အချစ်က ဘဝတစ်ခုလုံး ဇောက်ထိုးဖြစ်ရလောက်တဲ့အထိ ကိုယ့်အတွက် အရေးမပါနေကြောင်း ညီဖြစ်သူ မသိခဲ့ပုံပင်။

'' ဘာမှ တွေးပူမနေနဲ့။ အချိန်တန်ရင် ပြီးသွားလိမ့်မယ် ''

ပခုံးတစ်ဖက်ကို ခပ်ဖွဖွ ပုတ်ပြီး အိတ်ကို ယူရင်း အခန်းဆီသို့ လျှောက်ခဲ့မိသည်။ မကျယ်မဝန်း တိုက်ခန်း ဧရိယာသည် ညီအစ်ကို နှစ်ယောက် နေထိုင်ဖို့အတွက်တော့ အဆင်ပြေလှသည်။ ခြောက်လွှာကို ရောက်ရှိဖို့အရေး ဖြတ်ကျော်ခဲ့ရသည့် လှေကားထစ်များနဲ့အတူ တစ်နှစ်ကျော်ဟူသော အချိန်ကာလတစ်ခု၌ လက်ရှိဘဝမှာ နေသားကျနိုင်ခဲ့ပြီသာ။

My X Where stories live. Discover now