" ဟျွန်း.... မင်းက ဝိညာဉ်ငယ်လေးပါ... ကိုယ်ကလည်း အဲ့သဘောပြောတာမဟုတ်ဘူး... စိတ်မကောင်းမဖြစ်နဲ့နော်... နော်..."

ပုခုံးလေးဆုပ်ကာ အားပေးတော့ အံ့တင်းတင်းလေးကျိတ်ပြီး ငိုချင်စိတ်ကိုဖျောက်ကာ ပြုံးပြလာသော ဝိညာဉ်ငယ်လေး....

အခန်းထဲရောက်တော့ luggage ကိုမွှေနှောက်ကာ ရှပ်အကျီင်္တစ်ထည် ထုတ်ပေးလေတော့ ငြင်းဆန်လေသော ကောင်လေး...

" အာ...ရပါတယ်... မိုးရွာရွာ နေပူပူ ဒီလိုပဲနေလာတာ နှစ်ပေါင်း ရာကျော်နေပြီ "

" အရင်က ကိုယ်မရှိလို့လေ...အခု ကိုယ်ရှိပြီမို့ လဲရမယ်..."

အကျပ်ကိုင်လိုက်မှ " ဟုတ် " ဟုဆိုကာ လူကို အတင်းကျောခိုင်း ခိုင်းပြီး အင်္ကျီ လဲလေတော့သည်...

" ရပြီ..ကျနော် လဲပြီးပြီ..."

လှည့်ကြည့်လိုက်တော့ အဝတ်ပုံထဲမြုပ်နေသော ကလေးပေါက်စလေးလို ဖြစ်နေသော ကောင်လေးကြောင့်....  နဖူးလေးကို ဖွဖွနမ်းလိုက်မိသည်...

" arr meyan, ..ဟျွန်း.."

" ရပါတယ် ယောလ်... ကျနော့ကို အားမနာပါနဲ့ "

မျက်နှာလေးငုံ့ကာ ပြောနေသော ရှက်နေသည့်ကောင်လေးသည် ဝိညာဉ်လေးမို့သာ ဖြူဖျော့ဖျော့နဲ့ ဖြစ်နေတာ.. သက်ရှိလူသားလေးသာဆိုလျှင် ပါးမို့လေးက နီရဲနေလောက်မည်ထင်ပါရဲ့...

" ဟိုလေ ယောလ်...."

အမေးရခက်တဲ့ မေးခွန်းတစ်ခုကို မေးရမလို လက်ကလေးတွေကို လိမ်ကျစ်နေသော ကောင်လေး...

" ပြောလေ ဟျွန်း..."

" ဟို...ယောလ်နဲ့ယောလ်ချစ်သူ က ချစ်ကြတာ ကြာပြီလားဟင်...ဟိုလေ.... အဲ့လိုမေးလို့ စည်းကျော်တယ်မထင်ပါနဲ့နော်....ကျနော်က သိချင်လို့ပါ... "

" ဪ...အဲ့ဒါမေးဖို့လား ဟျွန်းရဲ့...သူနဲ့ကိုယ်က လူကြီးတွေ သဘောတူထားတာလေ ၅ နှစ်ကျော်ပြီ နောက်သုံးလလောက်ကျ လက်ထပ်ကြမှာ.."

" အာ..ဟုတ်... ယောလ်သူ့ကို အရမ်းချစ်တာပဲလားဟင်...".

" ဟင့်အင်း.."

"ဟင်...."

ကိုယ့်စကားကြောင့် သူလေး အံ့ဩသွားသည်ထင်သည်....

ဟုတ်သည်... မိဘတွေသဘောတူထားသည့်သူမ..
ငယ်သူငယ်ချင်း ဖြစ်သည့်သူမ...
မိမိကို အထက်တန်းတည်းက ပိုးပန်းလာသည့်သူမ...
မိဘတွေ မျက်နှာကြောင့်... သူမကို အားနာမှုတို့ကြောင့် ဖြစ်တည်လာသော သံယောဇဉ်တစ်ခုကို အချစ်ဟု မသတ်မှတ်ချင်....

လက်ထပ်သည့်အခါတွင်တောင် စာချုပ်ပေါ်မှာပဲရှိနေမည့် ဆက်နွယ်မှုတစ်ခုထက်ပိုမည်မထင်...

ညီမလိုသဘောထားသော်ငြား...သူမ၏ဆန္ဒအရ Skinship အနည်းငယ်ရှိခဲ့သည့်တိုင် အနမ်းပင် မဖလှယ်ဖူး..

အချစ်၏ အနက်အဓိပ္ပာယ် ကို မသိသော်ငြား... ဝိညာဉ်ငယ်လေးကိုတော့ မသိစိတ်က တွယ်တာနေမိပြီ ထင်ပါရဲ့...

ဒါပေမယ့် ခက်တယ် ဟျွန်း...
မင်းက ဝိညာဉ်ငယ်...
ကိုယ်က လူသား...
ပေါင်းစပ်မရတဲ့ ဘဝကြီးက ဆိုးရွားလွန်းတယ်...

မင်းသာ လူသားလေးဖြစ်ရင် သိပ်ကောင်းမှာပဲ...

ကိုယ်နဲ့မင်း အတိတ်ရေစက်တွေကြောင့် ထင်ပါရဲ့ မြင်မြင်ချင်းပဲ တွယ်တာ သနားမိတယ်...ဟျွန်းရယ်...

.
°°°°°To Be Continue °°°°°

ယေ့...ယေ့ ဘာတွေဆက်ဖြစ်ကြမလဲ မသိဘူးဟေ့....
အစစ်မကို ကိုယ်သာဆို စံအိမ်နားကပင်လယ်ထဲ ပစ်ချလိုက်မှာ.. 😂😂

ဝေဖန်ပေးကြပါဦး.. 😘

#EaintThiriAung
#real_etra 💫💫💫

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora