လှောင်ရယ်သံတစ်ဝက်ပါနေသော..သူမ၏ စကားသံကြောင့် ကောင်လေးကို ပိုစိုးရိမ်လာမိသည်....

" ချက်မနေနဲ့တော့ ကိုကို.. ကိုကို့ကြည့်ရတာ စိတ်ပါပုံလည်း မရဘူး JiJi ထည့်လာတဲ့ ဟင်းတွေနဲ့ပဲစားလိုက်လေနော်... "

သူမအတင်းလက်ဆွဲခေါ်လာ၍သာ ထမင်းဝိုင်းသို့ရောက်လာသည် စိတ်ကတော့မပါ...

ဝုန်းဒိုင်းကြဲ ရွာနေတဲ့မိုးတွေကြား ကောင်လေးကြောက်နေမလား..... ဒီအိမ်ရဲ့ ဘယ်နေရာမှာ ကောင်လေးရှိနေမည်နည်း....

ကိုယ် မင်းကို ပြန်မြင်ပါရစေလား ဟျွန်းရာ....

" တော်ပြီ... JiJi..ဆက်စားရင် ကိုယ်စောင့်ပေးမယ်လေ.."

စားနေရင်း စိတ်တွေပူလာသည်နှင့်အမျှ  မစားနိုင်တော့သည်မို့ ဇွန်းခရင်းတို့ကို အားမရှိစွာ တစ်ဖက်တစ်ချက်စီ ချထားလိုက်မိသည်....

သူမပြင်ပေးထားသည်ကို သေချာမစား၍ စိတ်ကောက်သွားဟန်ရှိသည်ကိုလည်း အာရုံထဲ မသွင်းမိတော့....

စိတ်ပူသည်... ဗြောင်လေး ဒီအချိန်ဆို ဘယ်လိုနေမလဲကိုသာ စိတ်ပူနေမိသည်... လျှပ်စီးတွေ တဝင်းဝင်းလက်နေလေ ပြေးထွက်ရှာချင်စိတ်တွေကို မနည်းထိန်းချုပ်ထားရလေဖြစ်နေသည်....

" ကိုယ် ခြံထဲ ဆင်းဦးမယ်..."

"အဲ့လောက်မိုးတွေရွာနေတာကို ဘယ်သွားမှာလဲ... မရဘူး..."

အတင်းလှမ်းဆွဲထားသော သူမကို ..
အထက်တန်းတုန်းက တရုတ်သိုင်း အတတ်ပညာကို အနည်းအကျဉ်းတတ်ထားသည့် အားလျှော်စွာ မေ့ကြောကို နှိပ်ချလိုက်သည်...

ပျော့ခွေကျလာသော သူမကို ဆိုဖာပေါ်တင်ပေးထားပြီး အိမ်အပြင်သို့သာ ဦးတည်မိသည်...

စိတ်မကောင်းပါဘူး Jiwoo မင်း ၆ နာရီလောက်တော့ အိပ်ပျော်သွားရှာမှာ...

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိမ်အပြင်ပြေးထွက်လာပြီးနောက် ခြံထဲ အော်ဟစ်ရှာနေမိသည်..

" ဟျွန်းရေ....ဟျွန်း.... ထွက်လာခဲ့ပေးပါ jalpa "

မိုးသံလေသံနှင့်ရောနေသော ကိုယ့်အသံတို့ကို သူလေး သတိမူမိဟန်မတူ...ဘာတုံ့ပြန်သံမှ မကြားရသည်မို့ ချယ်ရီပင်အိုဖက်ကိုသာ ဦးတည်ရှာမိလေသည်....

" Tears of Cherry " [ Chanbaek ]Where stories live. Discover now