" arrnyi...ငြိမ်ငြိမ်လေးပဲနေ ဟျွန်း... ကိုယ်ပဲ လုပ်မယ်..နော်.."
ခေါင်းလေးပုတ်ကာ နှစ်သိမ့်ပေးတော့ စိတ်အလိုမကျဟန် မျက်နှာစူပုတ်ပြီး ဟိုဘက်တောင်လှည့်သွားသေး...
အမှန်အတိုင်းဝန်ခံရရင် ခုနက Jiwoo ချွဲတာထက်ပင် ပိုအူယားမိသည်...
" ဟျွန်း... ကိုယ်က မင်း ကို မခိုင်းချင်လို့ပါ....Jiwoo စားဖို့အတွက်မို့...အဲ့ဒါ.."
ရှင်းပြမှ နားလည်သွားသလိုလေးဖြစ်သွားကာ ပြုံးပြသည်...ထို့နောက် မျက်နှာလေးညှိုးသွားသည်...
" Jiwoo က ကံကောင်းတယ်နော်... "
ဟန်ဆောင်ကာ ပြုံးပြုံးလေးပြောနေသော်ငြား ဖုန်းမီးရောင်အောက်က မြင်နေရတဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းတွေမှာ မျှော်လင့်ချက်မဲ့သလို အရိပ်အရောင်တွေ....
" ဟျွန်း..."
ကိုယ်လုံးလေးကို မျက်နှာချင်းဆိုင် ဆွဲလှည့်ကာ နှစ်သိမ့်ရန် ကြိုးစားမိတော့ ရှောင်ဖယ်လာသော ကောင်လေး....
" ကျနော့်ကို သနားရုံသက်သက်နဲ့တော့ အဲ့လိုမလုပ်ပါနဲ့ ယောလ်....ကျနော်နေသားကျနေပြီမို့ အားမနာပါနဲ့...ချစ်သူနှစ်ယော်ကြား ကျနော် အနှောင့်အယှက် ဖြစ်မိပြီထင်တယ် ....
ပျော်ရွှင်ပါစေ ယောလ်..."
ပြောပြီးသည်နှင့် လှစ်ကနဲပျောက်သွားသော ဝိညာဉ်ငယ်..
" ဟျွန်း....ဟျွန်း..."
တစ်အိမ်လုံးကို လိုက်ပတ်ရှာမိသည့်တိုင် သူလေးကို မတွေ့...
ု
" ဘယ်သူ့ကို လိုက်ရှာနေတာလည်း ကိုကို... ဟျွန်း ဆိုတော့ ဧကန္တ... ဆယ်ဟွန်းပြောတဲ့ သခင်လေး ဗြောင်ဘတ်ဟျွန်း ဆိုတာလား...ဟုတ်လား... သူ့ကို ကိုကိုက မြင်ရတာလား..."
လက်ပိုက်ကာ တစ်လှမ်းချင်းလျှောက်လာရင်း ပြောသည့်...Jiwoo စကားတို့ကြောင့် ချန်းယောလ်မှာ shock ပင်ရသွားရသည် ...
ဒီကိစ္စ သူသိလို့မှမဖြစ်တာ သူမက အချစ်ကြီးသလို အတ္တကြီးတဲ့ မိန်းမ... သူလေးကို တစ်ခုခုလုပ်လိုက်ရင်..andwel...
" မပူပါနဲ့ ကိုကိုရာ Jijiက အဲ့သရဲကို ဘာမှမလုပ်ပါဘူး ကိုကိုရဲ့...ဟင်းဟင်း..."
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~9^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)