ထိုစဉ်....
Ring ring..
ရုတ်တရက် ထမြည်လာသော ဖုန်းကြောင့် ကောက်ကိုင်လိုက်တော့ မထင်မှတ်သော content name...
❤Soulmate ❤
" ဟယ်လို Jiji"
" Oppa,... ချစ်လေ... oppa တည်းတဲ့အိမ်ရှေ့ရောက်နေပြီ "
"ဟင်..JiJiက ဘယ်လိုလုပ်..."
" ဟာ..မြန်မြန် လာကြိုလေ ချစ်က မိုးထဲလေထဲ ရပ်နေရမှာလား ဘာလုပ်နေတာလဲလို့ ကိုကိုး...."
" အာ...လာပြီ လာပြီ..."
အသည်းအသန် တံခါးပြေးဖွင့်တော့ ပြေးဖက်လာသော ချစ်သူ၏ ကိုယ်လုံးလေး...
" အာ...ကိုယ်ပါ စိုကုန်ပြီ..."
" ငြိုငြင်တာလား ဟမ်... "
နှုတ်ခမ်းလေးစူကာ ပြောလာသော သူမသည် ချစ်စရာအတိ....
" arrnyi...ကိုယ်ကစတာပါနော်...ဒါနဲ့ဘယ်လိုလုပ်ရောက်လာတာတုန်း..."
" လွမ်းတာကိုလို့..."
ခါး၌ရစ်တွယ်လာသော လက်များနှင့်အတူ ...သူမ၏ နှုတ်ခမ်းတို့ ကျနော်၏ လည်တိုင်၌ ခိုနားရန် ဟန်ပြင်လေသည်....
ထိုစဉ် ကောင်လေးကို သတိရသွားသည်မို့ လှည့်ကြည့်လိုက်တော့ လှေကားရင်းနားငုတ်တုတ်လေးထိုင်နေသော မျက်နှာငယ်နှင့်ကောင်လေး....
ဘာရယ်ကြောင့်မှန်းမသိပဲ Jiwoo ကို ညစာပြင်မည်ဟု အကြောင်းပြကာ အနမ်းတို့ကို မခံယူမိ...
ထိုကောင်လေးကို စိတ်မထိခိုက်စေချင်တာများလားတော့ မသိတော့ပေ....
Jiwoo ကတော့ ဧည့်ခန်းထဲစိတ်ကောက်ကာ ကျန်နေခဲ့သည်...
မသိတော့ဘူး နောက်နှပဲ ချော့တော့မည်...
ဒီအချိန် ထိုကောင်လေးကို ဒဏ်ရာတွေ ထပ်မပေးချင်သည်မို့ ဒီလိုဆက်နွယ်မှုတွေ လက်မခံနိုင်တာတော့ အသေအချာပဲ....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
" ကျနော်ဘာဝိုင်းလုပ်ပေးရမလဲဟင် ယောလ်..."
အသံစာစာလေးကြောင့် မုန်ညင်းရွက်တွေ ဆေးနေရင်းမှ နောက်လှည့်ကြည့်မိတော့ မျက်ရည်စီးကြောင်းမပျောက်သေးတဲ့ မျက်နှာလေးနဲ့ ပြုံးပြနေသော ကောင်လေး....
ESTÁS LEYENDO
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~9^^
Comenzar desde el principio
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)