တော်သေးသည်က အခန်းတွင်းက လေလုံခြင်းပင်

အခန်းတွင်း၌ပဲ နေရန်ဆုံဖြတ်လိုက်ပြီး အခန်းတွင်းဝင်ကာ မီးခြစ်ကို ph flash မီးနှင့် ရှာနေမိသည်...

မီးခြစ်ကို တွေ့သည်နှင့် ခြစ်ရန်ပြင်နေစဉ်...

" မီးမထွန်းပါနဲ့  jalpa "

တိုးငယ်သောအသံလေးကြောင့် မျက်လုံးဝေ့ရှာမိတော့ စားပွဲဘေးမှာ ကုတ်ကုတ်လေးထိုင်နေသော ကောင်လေးတစ်ယောက်....

အသေအချာကြည့်မိမှ.....

" ဟင်...မင်း....ဟိုကောင်လေး... သခင်လေးဗြောင် မလား...ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေရတာလဲ"

" ကျနော် ကြောက် လို့.... မိုးတွေသည်းရင် ကျနော် အရမ်းကြောက်တာမို့.."

တုန်တုန်ရီရီ နဲ့ ပြောလာသော ကောင်လေးသည် ညာနေတာမဟုတ်ကြောင်း မျက်ရည်ဥတို့ကို သက်သေတည်လေသည်.....

သူသည်ဝိဥာည်ဆိုသည်ကို မေ့လျော့စွာ ဆွဲဖက်ပြီးနှစ်သိမ့်ပေးလိုက်မိတော့ ငြိမ်သက်စွာ ရင်ခွင်ထဲဝင်ခိုရင်း ပြန်လည်ဖက်တွယ်လာသော ကောင်လေး....

" ဟင်...မင်းက ဝိဥာည်ပေမယ့် ငါကျ ထိတွေ့လို့ရနေတယ်... "

" ကျနော့ ကို ယောလ်တစ်ယောက်ပဲ ထိတွေ့လို့ ရတာပါ....ကျနော့ဆုတောင်းကြောင့် ဆိုပါတော့ . .. ဒါနဲ့လေ အရင်ဘဝကလိုတော့ ခေါ်ချင်ပေမယ့် မကြိုက်မှာစိုးလို့...ယောလ်လို့တော့ ခေါ်လို့ရတယ်မလားဟင်...."

အမှောင်ထဲမှာတောင် တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေက မျှော်လင့်ချက်အပြည့်နှင့်မို့ မငြင်းရက်...

" ရတာပေါ့ ဟျွန်း..."

သူ့ကိုခေါ်လိုက်သော နာမ်စားကြောင့်ရော ခွင့်ပြုချက်ရတာရောကြောင့်လားမသိ... ကောင်လေးမျက်ဝန်းတွေ ပိုတောက်ပသွားသလိုပင်...

" ကျေးဇူးပါ ယောလ်...တကယ်..ကျေးဇူး.."

ပြောနေရင်းနှင့်ပင် ငိုသံများနှင့်အတူရှိုက်သံလေးတွေပါထွက်လာသော ခန္ဓာငယ်လေး.....

" တိတ်တော့နော်....ပင်ပန်းနေပြီ ဟျွန်း..."

သူငိုရင် ရင်ထဲမကောင်းသလို ပါးမို့လေးထက်က မျက်ရည်ဥလေးတွေဖယ်ပေးမိသည်အထိ ထိုကောင်လေးနှင့်ပတ်သတ်လျှင် ခံစားချက်တွေ ဘယ်လိုဖြစ်နေသည်ဆိုတာကို ချန်းယောလ် မသိတော့....

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora