" မင်းကြည့်ရတာ မင်းကိုယ်မင်း ယောလ်သခင်ကြီးလို့ ယုံကြည်နေတာလား ချန်းယောလ်.."

" အင်း...ဓာတ်ပုံမြင်တည်းက ယုံကြည်မိတာ...
သခင်ကြီးယောလ်က ငါနဲ့တူသလို သခင်လေးဗြောင်ကလည်း ငါ့အိပ်မက်တည်းက ကောင်လေးနဲ့ချွတ်စွပ်ပဲ...ဘာမှားစရာရှိလို့လဲ....နောက် မင်းဖတ်တဲ့ထဲမှာ သခင်လေးဟွန်းငယ်ဆိုတာ တွေ့တယ်မလား....အဲ့ဒါ မင်းပဲနေမှာ ဆယ်ဟွန်း..."

" ပတ်ချန်းယောလ် မင်းတော့ရူးမှာပဲ...ကဲ သွားပြီ ငါ့ကောင်ရေ... အတန်းချိန်ရှိသေးတယ်...."

မိမိပြောသည်ကို ရယ်သမ်းသွေးပြီး လက်ပြကာထွက်သွားသော ဆရာပေါက်စ ဆယ်ဟွန်းကိုကြည့်ပြီး ချန်းယောလ် သက်ပြင်းဖွဖွ ချမိသည်..

မိမိ တကယ်ပဲ ရူးနေပြီလား....

လေးကန်သော စိတ်တို့လန်းဆန်းစေဖို့ အိမ်အပြင်ထွက်ပြီး ချယ်ရီပင်အနီးတစ်ဝိုက်ကို သေချာကြည့်မိသည်....

တစ်ချိန်က ချယ်ရီပန်းလေးပန်ထားရင်း ရှက်သွေးဖြာနေတဲ့ကောင်လေးနဲ့ ဒီနေရာလေး တကယ်လှပခဲ့မှာ....

ပင်လယ်ကြီးကို တစ်ဖန်ငေးကြည့်မိပြန်သည်....

ချယ်ရီပန်းပန်ထားသော ကောင်လေးကို လူရွယ်လေးတစ်ယောက်က ငေးကြည့်နေခဲ့တာ ဒီပင်လယ်ကြီးထက်က သင်္ဘောတစ်စီးပေါ်ကတဲ့လား....

ဘာရယ်မသိ အဲ့လိုအတွေးမျိုး ဝင်မိရင် ရင်ထဲဆို့တက်လာသော ခံစားချက်သည် ဘာကြောင့်ဆိုတာ အဖြေရှာမရ....

စိတ်လည်းမလန်းသည်နှင့် ချယ်ရီပင်အောက်မှာပဲ ထိုင်နေမိတာ...နေ့လည် ၃ နာရီတည်းက ညနေ ၅ နာရီခွဲသည်ထိ...

မိုးလည်းအုံ့လာ ညနေလည်းစောင်းလာသည်နှင့် ပတ်ဝန်းကျင်ရောအိမ်အတွင်းရော မှောင်နေသည်မို့ အိမိထဲဝင်ပြီး ဖယောင်းတိုင်ထွန်းဖို့ လုပ်ရလေသည်....လျှပ်စစ်မီးမရှိတာ တော်တော်ခက်တာပဲ....

လျှပ်စီးတွေလက် မိုးတွေချုန်းပြီး မိုးကသည်းကြီးမည်းကြီး ရွာချလေတော့ အိမ်မကြီးအတွင်းတော့ မီးထွန်းဖို့မလွယ်....

ရှေးဟောင်းအိမ်ဖြစ်သည့်နည်းတူ နည်းနည်းယိုယွင်းစပြုလာတဲ့ အမိုးအကာတို့ကြောင့် လေတိုးပေါက်တို့ကများသည်မဟုတ်ပါလား..

" Tears of Cherry " [ Chanbaek ]Where stories live. Discover now