Kim

63 4 0
                                    

ဆုံစည်းနိုင်ခွင့်မရှိတဲ့ တမ်းတခြင်းတွေနောက်မှာ မက်မက်မောမော
ဖက်တွယ်မိတာဆိုလို့ မင်းကို မဆိုင်ပဲ မပိုင်ပဲ လွမ်းမိတဲ့အလွမ်းတွေပါပဲလေ ..

နာကျင်ရကောင်းမှန်းမသိ တိုးဝင်ခြင်းနောက်မှာ လှောင်ရယ်သံတွေက အတိုင်းမသိပါပဲ kim ရေ .. မင်းနဲ့ပတ်သက်လာရင် နာကျင်ရ
ကောင်းမှန်းမသိတဲ့ကိုယ်ပါ ..

လွမ်းရလွန်းလို့ အလွမ်းထုထည်တွေ သိပ်ကြီးလာရင်တော့ မင်းကို အမြတ်တနိုးခေါ်မိတဲ့နာမ်စားလေးကို သေရာပါ ကိုယ့်အသားပေါ်
ရေးဖြစ်မယ် .. ဒီလောက်ပါပဲ ..

မင်းအပြုံးတွေမြင်နေရသရွေ့ ချိုမြိန်လွန်းတဲ့ နာကျင်မှုဆိုတာ ကိုယ်နဲ့တွဲမြင်ရမဲ့အရာတစ်ခုပါပဲလေ ..

လူတွေဟာ မရတာကိုမှ ပိုလိုချင်ကြတယ်တဲ့လား ? ကိုယ်ကရော ~
စချစ်မိကတည်းက မဆိုင်နိုင်မှန်း မပိုင်နိုင်မှန်းသိခဲ့တဲ့ ကိုယ့်အဖြစ်
ကိုရော ဘယ်လိုခေါင်းစဉ်တပ်ရမလဲ kim .. အများအမြင်မှာ ကိုယ်
ဟာ သိပ်ကံဆိုးတဲ့သူတစ်ယောက် ဖြစ်နေနိုင်ပေမဲ့ ကိုယ်ကတော့
မင်းဆိုတဲ့လူသားကို ချစ်ခွင့်ရှိနေတာကိုပဲ ကျေနပ်နေမိတဲ့သူလေ ..

ဖြူစင်စွာချစ်တယ်မပြောပါဘူးး .. ကိုယ့်ချစ်ခြင်းတွေဟာ ပိုင်ဆိုင်လိုမှုဆိုတဲ့ အရောင်အနည်းငယ်စွက်တာ ရှက်ရွံ့စွာနဲ့ပဲ ဝန်ခံပါတယ် .. အတ္တကင်းကင်းနဲ့ ဖြူဖြူစင်စင် ချစ်မပေးနိုင်တာ အားနာမိပေမဲ့
ကိုယ့်အချစ်က ဖြူလွှမနေဘူး kim ..

မရေရာပဲ ရှေ့ဆက်နေရမှာထက်စာရင် ကိုယ့်အတ္တတွေကြား မင်း
ကို ပိတ်လှောင်ထားပစ်ချင်ခဲ့တာ .. ကိုယ်မပိုင်ရတဲ့မင်းကို ဘယ်သူ
မှ မပိုင်ရဆိုတဲ့ကျိန်စာတစ်ခုအောက်မှာ ဖွက်ထားချင်မိပေမဲ့ လုပ်နိုင်
စွမ်းရှိတောင် မလုပ်ရက်ပါဘူး .. ကိုယ် မင်းအပြုံးတွေနဲ့ပဲ ရောင့်ရဲ
တတ်ဖို့ ကြိုးစားမှာမို့ ကိုယ်အတ္တကြီးစွာနဲ့ တောင်းမိခဲ့တဲ့ဆုတောင်း
တစ်ခုကို ဒီနေရာကနေပဲ ရင်ဖွင့်ချင်ပါရဲ့ ..

ကိုယ် ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့မင်း ~~ တစ်သက်တာမှာ လက်တွဲဖော်မဲ့စွာ ဖြတ်သန်းရပါစေလို့လေ ..

မတောင်းရက်ပဲ တောင်းဖြစ်ခဲ့တဲ့ ဆုတောင်းတစ်ခုမို့ မပြည့်စေချင်ပေမဲ့လည်း ပြည့်ဖို့ ဆုတောင်းခဲ့တယ် kim .. သိသည်ဖြစ်စေ မသိ
သည်ဖြစ်စေ ~~ အဲ့ဒီဆုတောင်း မင်းအပေါ် အနည်းအကျဉ်းတော့ သက်ရောက်စေချင်ခဲ့တယ် .. ဘဝမှာ တစ်ကြိမ်တည်းသော အတ္တ
ကြီးခဲ့ခြင်းမို့ ကိုယ့်ဆုတောင်းကို မိုးနတ်မင်းက အစွန်ဖျားလေးပဲဖြစ်
ဖြစ် ဖြည့်ပေးစေချင်ခဲ့တာ ..

မင်းသိမှာ ရှက်ရွံ့မိပေမဲ့ နေရာတကာ ခွင့်လွှတ်သည်းခံထိန်းချုပ်
တတ်တဲ့မင်းဟာ ကိုယ့်ဆုတောင်းသိရင် ရူးရက်နိုင်လေခြင်းဆိုပြီး ပြုံးနေဦးမလား kim .. သိပ် သိ ချင် မိ တယ် ..

1:32 AM (Sunday, 27.10.18)

သူ့အတွက်Where stories live. Discover now