ဟုတ်​တယ်​ ဘာ​တွေလာ​မေး​နေမှန်းမသိဘူး ။
တစ်​ခါတစ်​​လေ မိမှူးက သိပ်​ကိုက​လေးဆန်​လွန်းသည်​။

ဒီလို ညီမမျိုးကို သူရိန်​လင်းသ​ဘောကျ​တယ်​ဆိုသည့်
စကားကြားရတာ မသိမသာ​တော့ ဝမ်းသာမိသည်​ ။

ယောက်ျား​လေးအချင်းချင်း ကိုယ့်​ညီမအ​ပေါ် သူဘယ်​လို
သ​ဘောထားသည်​လဲကို ခန့်​မှန်းနိုင်​သည်​ ။

မိမှူးကကံ​ကောင်းပါသည်​။ သူရိန်​က မိမှူးအတွက်
ယောက်ျား​ကောင်းတစ်​​ယောက်​ဖြစ်​မည်​ကို
အကိုတစ်​​ယောက်​ အ​နေဖြင့်​ အကဲခတ်​ပြီးသိနိုင်​သည်​​လေ

" အဲ့ဒါဆိုရင်​ ညီမ​လေး သူ့ကိုလက်​ခံလိုက်​ရမလား "

အသံခပ်​တိုးတိုးဖြင့်​ ကိုယ့်​ကိုအပူကပ်​​နေပါ​သော
ညီမ​တော်​ကို ဘယ်​လိုများပြန်​​ပြောရမည်​လဲ ။

အကိုတစ်​​ယောက်​အ​နေနဲ့​ " ​အေး လက်​ခံလိုက်​ " လို့
ပြောရမည်​က အနည်းငယ်​​တော့ ရှက်​ကိုးရှက်​ကန်းဖြစ်
သည်​​လေ ။

" သ​ဘောရှိပါဗျာ ။ ကိုကို့ရဲ့ညီမ​လေးကို လက်​မခံနဲ့လို့
ပြောရင်​​ရော တကယ်​လက်​မခံပဲ​နေမှာမို့လို့လား "

" အင်း ​နေမှာ "

သူ့ကိုအံ့သြတကြီးကြည့်​မိ​တော့ မိမှူးရဲ့မျက်​လုံး​တွေက
ကျွန်​​တော့်​ကိုညာ​နေတဲ့ပုံစံမျိုးလုံးဝမ​ပေါက်​ ။

တကယ်​ကြီးလား ?

" ဘာလို့လဲ "

တကယ်​သိချင်​တာပါ ။ ဘာလို့လဲ ? အများစုရဲ့အ​ဖြေက
အခုလိုမဖြစ်​​လောက်​ဘူးမလား ။

" နှစ်​နှစ်​ဆယ်​တိတိ ကိုကြီးနဲ့ညီမ​လေးက အတူတူ​နေလာ
ခဲ့ကြတာ​လေ ။ သူရိန်​ဆိုတာက အခုမှရင်းနှီးတဲ့သူ ။

ညီမ​လေး​ရွေးချယ်​လိုက်​တဲ့တစ်​စုံတစ်​ရာ​ကြောင့်​ ကိုကြီးတို့
စိတ်​ရှုပ်​ရတာမျိုးကိုမလိုလားဘူး ။ ပြီး​တော့ အခုလို
အချစ်​​ရေးရာမျိုးဆို ပိုလို့​တောင်​ ဆိုး​သေးတယ်​ ။

ညီမ​လေးက အဲ့ဘက်​ပိုင်းမှာဆို ​ယောက်ျား​လေးချင်းချစ်
တာ​လောက်​ပဲ​သိတာမို့ normal အချစ်​​ရေးအချစ်​ရာကို
ဆုံးဖြတ်​ဖို့ယုံကြည်​ချက်​မရှိဘူး ဟီး ။

OLDFLAME ( Completed) Where stories live. Discover now