I Am Yours [ 24 ]
Start from the beginning
"   ဘယ်​သူ့ကဦး​ဆောင်​ပြီး  အဲ့​နေရာကိုသွားဖို့ဆုံးဖြတ်
ခဲ့တာလဲ  "
စီနီယာ​ဂျောင်​ဟိုက.  ဦး​ဆောင်​ပြီးအကုန်​လုံးကို အမှုစစ်​သလိုစစ်​​နေတာမို့.  စီနီယာချန်း​ယောလ်​နဲ့
စီနီယာဆယ်​ဟွန်းက. ငြိမ်​ပြီးနား​ထောင်​​ပေး​နေတယ်​။
စီနီယာ​ဂျောင်​ဟိုကိုယ်​တိုင်​ကလဲ အရမ်း​ဒေါသကြီး​နေ
တယ်​  ။  အဆူခံ​နေရတဲ့​ခေါင်း​ဆောင်​စီနီယာ​တွေကလဲ
ရန်​ဖြစ်​​နေတံအချိန်​တုန်းက ပုံစံ​တွေနဲ့ကွဲပြားစွာ
ကြောက်​ဒူးတုန်​​နေကြတယ်​   ။
"   မဲအ​ရေအတွက်​နဲ့သွားမဲ့​နေရာကိုဆုံးဖြတ်​ခဲ့တာပါ"
မင်​​ဆော့  မျက်​လုံးပြူးခနဲဖြစ်​သွားပြီး  ဂျင်​ဝူးကို ဆတ်​ခနဲလှည့်​ကြည့်​လိုက်​​တော့  သူ့ကိုသွားဖြီးရယ်​ပြ
လာတယ်​ ။  ဂျင်​ဝူးရဲ့မျက်​နှာမှာ  ' မင်းအစားငါပဲ
မဲ​ပေးခဲ့တယ်​´လို့​ပြောပြ​နေသ​ယောင်​ပါပဲ ။အခုချိန်
အခန်းထဲမှာ  တ​ယောက်​မှမရှိဘူးဆိုရင်​ မင်​​ဆော့
တ​ယောက်​   ပတ်​ဂျင်​ဝူးကို  တစဆီဆွဲဖြဲပြီးပြီပဲ ။
"   မင်းတို့​ကောင်​​တွေ  ​အေး​ဆေး​နေတယ်​လို့ကိုမရှိ
ဘူး    မင်းတို့​ကြောင့်​  စီနီယာ​တွေအကုန်​ စာလုပ်​​နေရင်းက​နေဆိုင်​ကယ်​ဆွဲပြီးအတင်း​ပြေးလာ
ရတယ်​   ​နောက်​တခါငါတို့အကူအညီမယူဘဲ
မင်းတို့ဘာသာနိုင်​​အောင်​ချ   "
နောက်​ဆုံးစကား​ကြောင့်​အကုန်​လုံးပြုံးစိစိ​တွေဖြစ်​ကုန်
ကြ​တော့သည်​ ။  စီနီယာအိုဆယ်​ဟွန်းကလွဲလို့​ပေါ့။
စီနီယာ​ဂျောင်​ဟိုကလဲ   အရမ်း​ဒေါသထွက်​​နေတယ်
ဆိုတာက.  တဖက်​လူမိုက်​​ကောင်​​တွေက တုတ်​​တွေ
သုံးပြီး  သူ့ဂျူနီယာ​တွေကိုရိုက်​ခဲ့တာကို ​ဒေါသထွက်​ပြီး
အခုလိုပြန်​မဲ​အော်​​နေခြင်းပင်​။   စီနီယာ​ဂျောင်​ဟို
ထွက်​သွား​တော့မှ   ဒူတိယနှစ်​စီနီယာ​တွေလဲသက်​ပြင်း
ချနိုင်​ကြ​တော့သည်​  ။  စီနီယာဘတ်​ဟျွန်းကကူညီပြီး
ကျောင်းသား​တွေကို​ဆေးလိုက်​လိမ်း​ပေး​နေရ​တယ်​။
I Am Yours Where stories live. Discover now