မြတ်နိုးလိုက်ရတာ...ရင်နာလိုက်ရတာ....ချစ်ရသူရယ်....

အနားကပ်လာသော သင်္ဘောပေါ် ကလေးငယ်ကို ပွေ့တင်ရင်း ကိုယ်ပါတက်လာမိသည့်တိုင် ကလေးငယ်ဟာ...မိမိအား ပြူးကြောင်စွာကြည့်နေဆဲ....

ရင်တွေနာလိုက်တာဆိုတာ ကွဲထွက်တော့မယ်ထင်ပါတယ်....

ကလေးငယ်ရှိရာ ခုံလေးနားသွားလိုက်ရင်း....သင်္ဘောကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ...ဒူးခေါင်းသေးသေးလေးတွေပေါ် မှောက်ပြီးငိုချပစ်လိုက်သည်.....

" ကို တောင်းပန်ပါတယ်.... ကို တကယ် ဘာမှမသိလိုက်ဘူး....တကယ်ပါ... ဒါပေမယ့် ကလေး.... ကိုယ့်ကြောင့်နဲ့....ကိုယ့်ကြောင့်နဲ့...ဟာ.... ကိုယ်က တကယ်မကောင်းတဲ့ကောင်....."

မသိတော့ဘူး ဂုဏ်သိက္ခာ ဆိုတာတွေ... အရှိန်အဝါတွေ...ကိုယ့်ညီလုပ်သူနဲ့အခိုင်းအစေတွေ ကိုယ့်ကိုဘယ်လိုကြည့်နေမယ်ဆိုတာတွေ...

သိသည်က ကလေးကို နက်နက်နဲနဲ တောင်းပန်ဖို့တစ်ခုတည်းသာ....

" စိတ်အမှန်ပြန်ရောက်ပြီလား....ကို...
ငယ် အားလုံးကိုနားလည်တာမို့....အပြစ်မမြင်မိတာတကယ်ပါ....noona လုပ်တာမှန်း ငယ် သိတယ်လေ...ကိုယ့်အပြစ်မှမဟုတ်...ငယ် နားလည်တာမို့ မငိုပါနဲ့တော့....နော်...နော်  . ."

တုန်ခါနေသော အသံတို့နှင့်အတူ ကိုယ့်ကိုမငိုပါနဲ့ပြောနေသော်ငြား.... သူလေးမျက်ဝန်းထဲက ကျလာတဲ့ မျက်ရည်ဥလေးတွေကား တသွင်သွင်....

သူလေးအကုန်သိနေတယ်တဲ့လား.....

" ငယ်... သိနေခဲ့တာလား..."

" ကို ချက်ချင်းပြောင်းလဲသွားတည်းက ငယ် နားလည်ပါတယ်....ချက်ချင်းသိလိုက်တယ်....ဒါပေမယ့်လေ....သိသိကြီးနဲ့ ရင်ဘတ်ထဲကနာလိုက်တာ.... ဟင့်...ရင်ကွဲမတတ်ဖြစ်...."

" ငယ်...ငယ်..."

ရင်ဘတ်ကလေးဖိကာ ကြေကွဲသွာပြောနေရင်းမှ ပျော့ခွေလဲကျသွားသော ခန္ဓာငယ်သည် မိမိ၏ ရင်ခွင်အစုံအတွင်း သက်ဆင်းလေသည်...

" အရမ်းစိတ်ပန်း လူပန်းဖြစ်သွားလို့ သတိမေ့သွားရုံပါ....စိတ်မပူနဲ့နော် ကိုကိုကြီး....ကျနော် အိမ်ရောက်ရင် သေချာလုပ်ပေးပါမယ်...."

ဆရာဝန်ဖြစ်သူ သခင်လေးဟွန်း အားပေးသည့်တိုင် သခင်ယောလ်ခမျာ ခေါင်းကိုလေးလေးပင်ပင်ညိမ့်ပြရင်း....သက်ပြင်းအခါခါချမိလေသည်....

ကလေးငယ်ရယ်....အသက်အရွယ်နဲ့မလိုက်...ပင်ပန်းလိုက်တာကွယ်....

ကလေးငယ်၏ ကိုယ်လုံးလေးအားပွေ့ထားရင်း ဆံနွယ်လေးတွေကြား မျက်နှာအပ်ကာ အသံတိတ် မျက်ရည်ကျမိသည်...

ကိုယ်ရဲ့မြတ်နိုးရာလေးရယ်.... ကိုယ်ရင်တွေနာလိုက်တာ....

ပါးပြင်မို့မို့လေးကို အနမ်းနုနု မြတ်မြတ်နိုးနိုးနှင့် ခြွေမိပြန်သည်....

မင်းလေးဟာ တကယ် ကိုယ့်အတွက် ရူးသွပ်စေနိုင်တဲ့ အချစ်နတ်ဘုရားငယ်လေးပါ...ကလေးငယ်ရယ်....

လေနုအေးအေးတို့က အချစ်ငှက်ငယ်...ကောင်လေးနှစ်ယောက်ကြား ဖြတ်သန်း ကျီစယ်၍ ... မြတ်နိုးမှုတွေကို ပိုရုပ်လုံးပေါ်အောင် ပံ့ပိုးနေသလို....ထိုကောင်လေး နှစ်ယောက်ကိုကြည့်ရင်း ပီတိဖြာနေသောနတ်ဆရာနှင့်....
သခင်ကြီးယောလ်အား စိတ်အမှန်ပြန်လုပ်ပေးသော နတ်ဆရာအား လူငှါးသတ်ရန်ကြံစီနေသော မိန်းမယုတ်တစ်ယောက်လည်း ရှိလေသည်....

ထိုသူမကား... ဗြောင်နာဘီပင်..

°°°°°To Be Continue °°°°°

A/N ဇာတ်လမ်းလေးအပေါ် ဝေဖန်မှုလေးတွေကို မျှော်လင့်နေပါတယ်နော်....

အမှန်ပြောရရင်လေ ကြီးကျယ်တာတော့မဟုတ်ပေမယ့် မျှော်လင့်မိတာလေး ပြောပြမယ်နော်...

အိမ့်လေ... ချစ်ရတဲ့ readers တွေဆီကနေ.( .so good , ကောင်းပါတယ်...page မှာဆိုရင်လည်း tag me) 👈 အဲ့လိုတွေထက်စာရင်လေ...

ဗြောင်လေးရဲ့ စိတ်ခံသားချက်က ဘယ်လိုနော်...
သခင်ကြီးက ဘယ်လို...
ဗြောင့်အစ်မက ဘယ်လိုဆိုတဲ့... ဇာတ်လမ်းပေါ် ဝေဖန်ပေးတဲ့ ဝေဖန်မှုလေးတွေကို တကယ်တောင့်တမိတာပါ...တကယ်ပါ...💙

အိမ့်က အရမ်းတော်တဲ့ author လည်းမဟုတ်သလို...author အဖြစ်လည်း မခံယူဝံ့သေးတဲ့ စာရေးသူတစ်ယေါက်ပါ

အဲ့ဒါကြောင့်လေ အဲ့လိုအားဆေး cmt လေးတွေအရမ်းကို မျှော်လင့်မိသူပါ..

အကယ်၍ feedback မပေးပဲ ဖတ်တဲ့သူတွေရှိလည်း.. အဲ့လိုလူတွေကိုလည်း တကယ်တန်ဖိုးထားချစ်ပါတယ်နော်.....

ဘာပဲဖြစ်ဖြစ် မကောင်းမကန်းနဲ့လိုအပ်ချက်တွေရှိနေသေးတဲ့ အိမ့်ရဲ့ ဇာတ်လမ်းလေးတွေကို ဖတ်ပေးတဲ့အတွက်ပါ..😘😘

အားလုံးကို အမြဲချစ်လျှက်.....❣

#EaintThiriAung
#real_etra 💫💫💫

" Tears of Cherry " [ Chanbaek ]Where stories live. Discover now