သခင်ယောလ်မပီသစွာ အမိန့်ပေးသံတို့ဟာ အားမရှိတဲ့အပြင် အဖျားမှာတိမ်ဝင်သွားသော်ငြား ဂရုမစိုက်နိုင်....
စိတ်ထဲတွင်ရှိသည်ကား.. ကလေးငယ်...အန္တရာယ် ကင်းကင်းနှင့် မိမိရင်ခွင်ထဲ ရောက်လာဖို့ပင်....

သဘောင်္စထွက်သည်နှင့် ကလေးငယ်ရှိရာဘက် ဝရံတာဘက်ကို သွားရပ်ကာ ကလေးငယ်၏ အခြေအနေကို ကြည့်နေမိသည်....

ကလေးငယ်နှင့် နီးလာသည်နှင့်အမျှ  ကလေးငယ် ခက်ခက်ခဲခဲ ကူးခတ်နေရကြောင့် သိရှိလာရသည်...

ကလေးငယ် အာရုံထဲတွင် ဘယ်လောက်တောင် အတွေးတွေ များနေလဲမသိ.... သူ့အနားကပ်လာသည့် သင်္ဘောစက်သံကိုပင် သတိထားမိပုံမပေါ်.....

" စက်အရှိန်လျှော့ပေးပါ.... ကလေးကို လှိုင်းပုတ်မယ်   "

မာလိန်ကိုလည်း လေသံနှင့်သာ အမိန့်ပေးနိုင်သော အခြေအနေ....

စက်အရှိန်သက်သည်နှင့်....မည်သူမှ သတိမထားမိခင်ပင် ရေထဲခုန်းဆင်းချလိုက်သည်....

ဤသည်ကိုလည်း ကလေးငယ်သတိထားမိဟန်မပေါ်....

သူကလေးနား ကူးခတ်သွားမိလေတော့ ....နီးလာသည်နှင့်အမျှ  စက်သံတွေ...ရေသံတွေရဲ့ ဆူညံမှုကြားကနေ ခွဲထွက်နေသော ရှိုက်သံသဲ့သဲ့. ...
ကလေးငယ် ကူးခတ်နေသည်မှာလည်း အသိစိတ်လွတ်နေသူတစ်ယောက်လိုမျိုးပင်.....

သူလေးအနောက်မှ နေကာ..  လည်ပင်းကို သိုင်းဖက်လိုက်လေတော့မှ ရုန်းကန်ကာ အနောက်သို့လှည့်ကြည့်လာလေသည်  ....

" ကို.... အာ...meyan.... သ ခင် ကြီး..."

တုန်ခါနေသော အသံနှင့်အတူ ငုံ့ကျသွားသော မျက်နှာငယ်....သူမြတ်နိုရတဲ့ နာမ်စားလေးကို နှုတ်ခမ်းဖျားကနေထွက်ပြီးမှ ကြောက်ရွံ့တကြီး သခင်ကြီးဟု ပြောင်းခေါ်လိုက်သော တုန်ခါနေသည့် အသံငယ်..

မြတ်နိုးရတဲ့ မျက်ဝန်းကျဉ်းလေးတွေ...ပါးမို့မို့လေးတွေဟာ...ရဲလို့..လေဒဏ် ရေဒဏ်အပါအဝင် ငိုထားတဲ့ဒဏ်ကြောင့်ဖြစ်လေမည်....

ရင်နာလိုက်တာ...ငယ်ရာ...

" ငယ်... "

မိမိ၏ ခေါ်သံကြောင့် ပြူးကျယ်သွားသော မျက်ဝန်းလေးတွေ....

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora