စိတ်အစဉ်တို့သည် ချစ်ရသောကလေး၏ ထံတွင်သာ....
ညက ဖျားခဲ့တဲ့ကလေး.... ဒီလိုမြစ်ပြင်ကျယ်ကြီးကို ဘယ်လိုများ ကူးခတ်နေမလဲ....
ခဲမှန်ဖူးတဲ့ စာသူငယ်လို ချစ်ရမှာကို ..ကြောက်ရွံ့နေတဲ့ ကလေး...
သူ့ကိုချစ်ပါတယ်ဆိုတဲ့ကိုယ့်ကို အမှီအတွယ်အဖြစ်နဲ့ ချစ်ရှာ ခင်တွယ်ရှာတဲ့ကလေးဟာ...
သူယုံကြည်မိတဲ့သူဆီက.... သူ့ကိုချစ်လှပါတယ်ဆိုပြီး ယုယပေးတဲ့သူဆီက ဒီလို ရက်ရက်စက်စက် အဆက်ဆံခံလိုက်ရတော့...ဘယ်လောက်တောင် ကြောက်နေမိမလဲမသိ...
ကြောက်တယ်ဆိုတာထက်....ဝမ်းနည်းနေရှာမှာ..... ရင်ကွဲနေရှာမှာ....
ဗြောင်နာဘီ.... ဒါဟာလည်း..မင်းရဲ့ယုတ်မာမှုတွေပဲ မဟုတ်လား....
တကယ်နူးညံ့လွန်းတဲ့ ကလေးကိုမှ....လုပ်ရက်လိုက်တာ....
အတွေးပေါင်းစုံနဲ့ ဗလောင်ဆူပြီး ပြေးဆင်းလာလိုက်တာ မြစ်ကမ်းနဖူး ရေစပ်နားရောက်လေတော့ အတော်ပင် မောဟိုက်နေလေပြီ...
ရေပြင်ကျယ်ကို မျှော်ကြည့်လိုက်မိတော့... ရေစပ်နဲ့ အတော်အတန်လှမ်းတဲ့ဆီမှာ မြင်နေရတဲ့ ခေါင်းသေးသေးလေး....
" ငယ်..."
နှုတ်ဖျားမှ ချစ်ရသူ၏ နာမ်စားငယ်ကို ရေရွတ်မိပြီးနောက် တင်းကျပ်လာသော ရင်ဘတ်အစုံနှင့်အတူ....ခြေအစုံသည်လည်း ရေစပ်နားတွင် ခွေယိုင်ကျခဲ့လေသည်....
" ကိုကိုကြီး ရရဲ့လား..."
အနောက်မှ အသည်းအသန် ပြေးလိုက်လာသော ဟွန်းငယ်နှင့် အစောင့်တို့သည် မိမိအား စိုးရိမ်တကြီးဖြစ်နေကြသော်ငြား မိမိ၏ ရင်အစုံပေါက်ထွက်မတတ် စိုးရိမ်နေရသည်ကား...ချစ်ရသည့်ကလေးပင်...
ဖျားနေပြီး အားပျော့နေတဲ့ကလေးဟာ ဘယ်လိုအင်အားနဲ့ ကူးခတ်နေသည်မသိ..
ကူးခတ်နေသည့် အတောအတွင်းလည်း ဘယ်လောက်တောင် ဆို့နင့်ခံစားနေရမလဲမသိ.....
ကိုယ်ဟာ မကောင်းပါဘူး...ငယ်ရာ..
" သင်္ဘောကို ကျောက်ဆူးတင်ကြ... ကလေးကို သွားဆယ်ရမယ်.... ငါကိုယ်တိုင်လိုက်မှာမို့... ငါ့ကလေးကို ကယ်ရမှာမို့. ... "
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~ 8 ^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)