" ဗြောင်သခင်လေးရဲ့ သွေးတွေပါ သခင်ကြီး...."

ထိုအစောင့်၏ ဖြေသံအဆုံး သခင်ကြီးယောလ်တစ်ယောက် ခေါင်းပင်ချာချာလည်သွားသလို ခံစားလိုက်ရသည်.....

မိမိနဲ့ ညက အတူတူရှိခဲ့တဲ့ကလေးဟာ....ဘယ်လိုဖြစ်လို့...ဒီလို...

" ဘယ်လိုဖြစ်ရတာလဲ... ပြောစမ်းပါ အမှန်အတိုင်း "

အမိန့်သံကြောင့် အစောင့်တို့မှာ ကြောက်ဒူးတုန်နေလေပြီ.....ဖြေလည်းမဖြေရဲ.....

" ကိုကိုကြီးပဲ အဲ့ကလေးကိုညကကျ ချစ်လှပါရဲ့ဆိုပြီး...ဒီမနက်ကျ ဘီလူးသရဲစီးသလို လက်တစ်ဖက်တည်းကနေကိုင်ပြီး ရေစပ်ကို ဆွဲချသွားတာလေ ဒီလမ်းတစ်လျှောက်... "

အစောင့်များ၏အရှေ့ မားမားမတ်မတ် ကာရပ်လိုက်ရင်း ပြောလိုက်သည့် ညီဖြစ်သူ...သခင်လေးဟွန်း၏ စကားကြောင့်... ခေါင်းထဲမိုက်ကနဲ ဖြစ်သွားရသူကား....သခင်ကြီးယောလ်ပင်....

" ဘယ်လို ဟွန်းငယ်....ငါက... ငယ့်ကို..."

" ကိုကိုကြီး....ဘာဖြစ်နေတာလဲ...ဘာမှမသိချင်ယောင်တော့မဆောင်နဲ့နော်...ကျနော် စံအိမ်ဘေးက မျှော်စင်ကနေ မြစ်ဘက်ကို မှန်ပြောင်းနဲ့ကြည့်နေတုန်း...ကိုကိုကြီး အဲ့ကလေးကို တရွတ်တိုက်ဆွဲပြီး ရေစပ်ကနေ မြစ်ထဲပစ်ချလိုက်တာမြင်လို့ အခုဆင်းပြီး အကျိုးအကြောင်း လာမေးတာလေ...".

" ဘာ.. ငါက ငယ့်ကို ရေထဲပစ်ချတယ်..."

" အင်းလေ...အခုမှ ဘာမသိချင်ယောင်ဆောင်...."

" နေဦး...ဟွန်းငယ်....အခု အဲ့ဒါဆို ကလေးက အဲ့မြစ်ထဲမှာလား...ပြောစမ်းပါဦး... ".

အရမ်းတုန်လှုပ်နေပြီး သွေးပျက်သလိုဖြစ်နေသော အကိုဖြစ်သူကြောင့် မသိချင်ယောင်ဆောင်နေတာမဟုတ်မှန်း သခင်လေးဟွန်း သိလိုက်ရသည်....

" ဟုတ်တယ် ကိုကိုကြီး.... အဲ့ကလေးကို ကိုကိုကြီးပဲ သူအိမ်ထိ ရေကူးပြန်ခိုင်းတာလေ...."

" ဟာ...."

သခင်လေးဟွန်း စကားဆုံးသည်နှင့် သခင်ကြီးယောလ်တစ်ယောက် ဆာကူရာတို့ခင်းရာ... ချစ်ရသူ၏ သွေးစတို့စွန်းထင်ရာလမ်းတစ်လျှောက် ဘာကိုမှ သတိမမူမိ... ဂုဏ်သိက္ခာဆိုသည်တို့ကို သတိမမူမိပဲ တောင်ခြေရှိ ရေစပ်နားသို့ ဆင်ခြေလျှောတစ်လျှောက် ပြေးဆင်းလာခဲ့မိသည်..... လမ်းဘေး၌ ရှိသောအချို့သော ပန်းခြုံတို့၏ ဆူးများနှင့် ခြေသလုံးကို ထိုးခြစ်မိသည်ကိုလည်း သတိမရမိတော့....

" Tears of Cherry " [ Chanbaek ]Where stories live. Discover now