Capital Letters-2(Final)

252 35 47
                                    

ဟိုနေရာမှ ဒီနေရာ ပြေးလွှားနေသော လူများ
ကျယ်လောင်သော အသံတွေ

စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော လူအစုအဝေး

အဆောက်အဦးအတွင်းသို့ ဝင်ရန် ရုပ်ဖျက်လာသော ကောင်လေးတစ်ယောက်....!!!

ဖြူ လွှလွှ အရိပ်ကလေးတစ်ခု
တစ်ခုခုကို သဘောကျဟန်ဖြင့် လေးထောင့်ဆန်သည်အထိ
ကွေးတက်နေသော နှုတ်ခမ်းတွေ....!!!

လက်ထဲက ဖုန်းကိုကိုင်ပြီး လူက တစ်ပတ်လည်အထိ အလုပ်ရှုပ်စွာ Liveလွှင့်နေသော ကောင်လေးနဲ့
ပတ်ဝန်းကျင်ကို သတိထားပြီး ခေါင်းငုံလျှောက်လာသောသူ

တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်ကာ မိတ်ဆက်မိကြသည်...

ရင်ခွင်ထဲသို့ ယိုင်ကျလာသော ခန္ဓာကိုယ်အား အမြန်ထိန်းလိုက်ရသည်....

"အာ...တောင်းပန်ပါတယ်....."

ခပ်မြန်မြန် ခေါင်းညိမ့်ပြီး ထွက်လာစဉ်

"ချန်းက မလာသေးဘူးထင်တယ်.....''

ဆိုသည့် အသံကြောင့် နောက်ပြန်လှည့်ကြည့်လိုက်တော့

ကလေးတစ်ယောက်လို ပြုံးရယ်ကာ ဖုန်းကိုကြည့်ပြီး ပြောနေသည့် ထိုကောင်လေး.....

လက်ကနာရီကိုတစ်ချက်ကြည့်တော့ ပိုနေသော မိနစ်ပိုင်း
ဘေးကနံရံကို တစ်ချက်မှီကာ liveလွှင့်နေသော Fan boyလေးအား ကြည့်နေမိသည်....။

တစ်ကိုယ်လုံးလှုပ်ကာ liveလွှင့်နေသော သူကြောင့် ရယ်မိသည်

ချန်း ဟူသော အမည်နာမအား ပါးစပ်ကမချပဲ အပြန်ပြန်အလှန်လှန် စည်းဝါးကိုက်နေသည်ထင်.....

မိမိအကြောင်းတွေကို စိတ်ဝင်တစားပြောပြနေသည့် သူ့ပုံစံကြောင့် ပို၍ အံ့ဩမိသည်.....

ဆက်ကြည့်ချင်သော်ငြားလည်း နီးကပ်လာသောအချိန်ကြောင့် နံရံအား မှီမနေတော့ပဲ အဆောက်အဦးအတွင်းသို့ ဝင်လိုက်သည်....

ခဏကြာရင်တော့  ထိုကောင်လေးနဲ့ ပြန်တွေ့ရဦးမယ် မဟုတ်လား?

ကိုယ့်မှာ ရှိသောအင်္ကျီနဲ့ တစ်ပုံစံတည်း ဝတ်လာသော ထိုကောင်လေးကို မမှတ်မိနိုင်စရာ အကြောင်းတော့ မရှိပေ......!!!

ChanBaek(Two Shorts)Where stories live. Discover now