ဝေ့ရင်း နင်တကယ်ပဲလန်ကျန့်အချစ်တွေမမြင်နိုင်ခဲ့တာ
လား?သူကနင်ပြန်လာတာကိုသူများတွေထက်တောင်စောသိ
ခဲ့တယ်။သူ ၁၃ နှစ်လုံးပရိပုစ္ဆာတီးရင်းနင့်ဝိညဉ်ကိုရှာပုံတော်
လုပ်ခဲ့တယ်။မိစ္ဆာထွက်တဲ့နေရာတွေဆိုသူသတင်းကြားတာနဲ့ဘာလို့
ရောက်သွားလဲဆိုတာနင်သိလား?
သူကနင်များပေါ်လာတာလားဆိုပြီးမျှော်လင့်ခဲ့တာလေ။သူ နင့်ကိုကူစူးကိုပြန်ခေါ်သွားတာလဲသူနင့်ကိုကာကွယ်ပြီးဖွက်ဖို့လုပ်ခဲ့တာလေ။
သူနင့်ကိုသူနဲ့တူတူ ကူစူးကိုပြန်ရအောင်ပြောတော့နင်
ငြင်းလွှတ်လိုက်လို့နာကျင်သွားတဲ့သူ့မျက်ဝန်းတွေရဲ့အရိပ်အယောင်ကိုနင်မမြင်ခဲ့ဖူးလားဟင်?
သူလှည့်ထွက်သွားခဲ့ပေမဲ့နင့်ကိုမုန်းတဲ့မျက်ဝန်းတွေနဲ့
မဟုတ်ဘဲနာကျင်သွားခဲ့တဲ့မျက်ဝန်းတွေနဲ့ပဲလှည့်ထွက်
သွားခဲ့တယ်။ဝေ့ရင်း နင်သူများတွေအတွက်အနစ်နာခံခဲ့ပေမဲ့သူတို့
ကနင့်ကိုမိစ္ဆာတဲ့။ငါမယုံဖူး။နင်ကပျော်ရွှင်ချင်ယောင်ဆောင်ပြီးနင့်အထီး
ကျန်မှုတွေကိုဖုံးအုပ်ထားတာ။လန်ကျန့် သူကနင်နဲ့ဒဏ်ရာတောင်တူတူဖြစ်စေချင်ခဲ့
တာ။တကယ်တော့သူကအေးတိအေးစက်နည်းနည်း
နိုင်တာကလွဲရင်နင့်အပေါ်ကောင်းပေးပါတယ်။နင်အစပ်ကြိုက်မှန်းလည်းသူသိတယ်။
သူအစပ်မစားနိုင်ပေမဲ့ဘာလို့အစပ်ဟင်းတွေကိုမှာတာ
လဲဆိုတာနင်တစ်စွန်းတစ်စတော့ရိပ်မိဖို့ကောင်းတယ်။တိမ်တိုက်ဗိမာန်မှာနင်ပေးခဲ့တဲ့ယုန်လေးတွေတောင်
သူအများကြီးမွေးခဲ့တယ်!နင်ကြိုက်တဲ့ဧကရာဇ်ပြုံးတော်မူအရက်အိုး ၁၃ လုံးသူ့
အခန်းထဲဘာလို့ရှိနေခဲ့တယ်လို့နင်ဘယ်လိုထင်လဲ?
ဧကရာဇ်ပြုံးတော်မူတစ်အိုးက ၁ နှစ်ဆိုတော့သူနင့်
ကိုစောင့်နေခဲ့တာဘယ်နှစ်နှစ်ရှိပြီလို့နင်ထင်လဲ?သူနင့်အတွက်ဂိုဏ်းစည်းကမ်းတွေတောင်အလေး
မထားတော့လို့သူ့ကျောပြင်မှာသေရာပါကြိမ်ဒဏ်တွေ
ရခဲ့တယ်။ဒီလောက်ဆိုနင်သိကောင်းပါရဲ့။ဝေ့ရင်း!
BINABASA MO ANG
ပေါက်ကွဲသံစဉ်
Short Storyma dao zushi ထဲကဝေ့ရင်းနဲ့လန်ကျန့်အပေါ်အားမလိုအားမရဖြစ်ခြင်းတွေကိုတစ်ပိုင်းတစ်စအနေနဲ့ရေးမိခြင်း။ I mean just my feelings. Cover Photo is not mine.From Pinterest. Credit To The Original Artist.