"Jiyeon ...,yeonie ..."

တံခါးကိုတဒေါက်ဒေါက်ခေါက်လာခဲ့သော
Soyeon unniအသံကြားတော့ မျက်ရည်
တို့ကိုကဗျာကယာသုပ်ကာ တံခါးဖွင့်ဖို့
ကုတင်ပေါ်ကနေ ကုန်းရံုးထရ၏.....။

"Omm unni ဘာဖြစ်လို့လဲ ?  "

"Eunjung အိမ်ရှေ့မှာရောက်နေတယ် "

"NAE !? "

"သွား ဆင်းတွေ့လိုက်ဦးလေ"

"အင်း.....သွားလိုက်မယ် Unni "

Eunjungဆီက များစွာ၀င်ထားသော call log
ကိုတစ်ချက် ကြည့်ပြီးအောက်ကိုဆင်းခဲ့
လိုက်သည် ။ ဖုန်းဆက်တာ မကိုင်တာနဲ့
အိမ်လိုက်လာစရာအကြောင်းမှမရှိတာ....
သူ့ရည်းစားနဲ့သူ ပျော်နေပေါ့ ....!

____________________________________
















"Jiyeon ah ,နင်မြင်လိုက်တာ တကယ်
မဟုတ်ပါဘူး"

"ဘာကိုလဲ ?"

"Ming er လေ "

"နင့်ရည်းစားတွေလည်း များလွန်းလို့
ငါတကယ်နာမည်တွေမမှတ်နိုင်တော့ဘူး"

"မဟုတ်ဘူး ming erက ငါ့ရည်းစား တကယ်
မဟုတ်ဘူးး သူကလေ Taecyeonညီမလေးပါ
သူကအဲ့လိုပဲ "

"နင်ဘာတွေပြောနေလဲဆိုတာ
ငါတကယ်မသိဘူး Eunjung "

"အဲ့ဒီတော့လေ အဲ့တာကဘယ်လိုဖြစ်လဲ
ဆိုတော့လေ နင်မြင်လိုက်တဲ့နမ်းတဲ့ကိစ္စက.."

"Eunjung ah နင်တစ်ယောက်ယောက်နဲ့
နမ်းတဲ့ကိစ္စက ငါ့အတွက် အသစ်အဆန်း
မဟုတ်ပါဘူး..."

"မဟုတ်ပါဘူး သူကနမ်းလိုက်တာပါ
အဲ့တာအနမ်းလို့မှမခေါ်တာ Park Jiyeon "

"အဲ့တော့...?"

"Jiyeon ah, နင်လည်းသိတာပဲ ငါ...
အလယ်တန်းရည်းစားစ ထားချိန်ကတည်းက
စပြီး နင့်ကိုအကုန်လံုးနဲ့မိတ်ဆက်ပေးခဲ့တယ်
နင်မသိပဲ ငါဘယ်တုန်းက ရည်းစားထားဖူး
လို့လဲ ...ပြီးတော့ သူသာတကယ် ငါ့ရည်းစား
ဆိုရင် နင်သေချာပေါက်သိမှာပေါ့....ငါက
နင့်ကိုဘာမဆိုပြောပြနေကြလေ "

"Eunjung ah, ငါ့ကိုဘာလို့ဒါတွေ လာပြော
နေလဲ ငါမသိဘူး....ငါတကယ်အဲ့အကြောင်း
တွေကိုသိချင်စိတ်မရှိဘူး...နင့်ရည်းစားတွေပဲ
ုဖြစ်ဖြစ် နင့်သူငယ်ချင်းရဲ့ညီမပဲဖြစ်ဖြစ်..."

Miss Player Where stories live. Discover now