🍁1🍁

5.2K 190 29
                                    

ပြတင်း​ပေါက်​မှ ဖြာကျ​နေတဲ့.... ​နေ​ရောင်​ခြည်​က...မျက်​နှာတည့်​တည့်​ကို.. ထိ​တွေ့​နေတာမို့... မျက်​လုံးကိုအသာဖွင့်​ကြည့်​လိုက်​ရသည်​.....
တစ်​ဆက်​ထဲမှာပဲ..... တ​နေ့တ​နေ့ မရိုးနိုင်​တဲ့... အချိန်​ပိုင်းအလုပ်​​ပေါင်းများစွာက.... ဆီးကြို​နေတာက်ုလည်း...
သတိရသွားသည်​....... ​ဘေးနားကိုကြည့်​လိုက်​​တော့....
ဘာအပူအပင်​မှမရှိဘဲ...​အေးချမ်းစွာအိပ်​​ပျော်​​နေတဲ့...သား။
နေ​ရောင်​ထွက်​​နေ​ပေမဲ့... ​အေးစိမ့်​​နေမှုကရှိ​နေတုန်းမို့...
သားကို​စောင်​​သေချာခြုံ​ပေးလိုက်​ကာ.... တ​နေ့တာကိုအစပြုဖို့.... မျက်​နှာသစ်​​ခြေလက်​​ဆေးရန်​...
ရေချိုးခန်းထဲဝင်​လိုက်​သည်​.....

မျက်​နှာသစ်​ရန်​...​​ဘေစင်​​အောက်​မှာ...လက်​​လေးခံကာ...​​ရေကိုဖွင့်​ချလိုက်​​တော့...​အေးစက်​​နေတဲ့​ရေ​တွေက....
လက်​ကိုလာထိ​တွေ့တာမို့... ထုံကျင်​သွားရသည်​.....
ရုတ်​တရက်​မို့ အနည်းငယ်​လည်းလန့်​သွားသည်​....
နောက်​မှ​သေချာစဉ်းစားမိ​တော့.... အိမ်​မှာ ဘွိုင်​လာမှမရှိတာ.. ..။ ဘွိုင်​လာတပ်​ဖို့...ပိုက်​ဆံကလည်း...
မရှိဘူး​လေ။
အရင်​တုန်းကဆိုရင်​​တော့... ​ဆောင်းတွင်းမှာ..​ရေ​တွေ​အေးရဲ့လားဆိုတာ​တောင်​မသိခဲ့..။ အမြဲတမ်း.. ​ရေ​နွေး​လေးနဲ့​ရေချိုး..မျက်​နှာသစ်​.. ခဲ့တာ။
ခု​တော့... အဲ့ဒါ​တွေအားလုံး က အတိတ်​မှာကျန်​​နေခဲ့ပြီ။

Omma omma omma

အရင်​ကအ​ကြောင်း​တွေပြန်​စဉ်းစားမိ​နေတာ.... အခန်းထဲ..
Omma ဆိုတဲ့... ​ခေါ်သံ​ကြောင့်​... အ​တွေးတို့.. ​လွှင့်​စဉ်​သွားခဲ့ရသည်​.....
ဘာမှစဉ်းစားမ​နေဘဲ.... ​ရှေ့မှာ ကျ​နေတဲ့...​ရေ​အေး​တွေနဲ့ပဲ..မျက်​နှာကို ဖြစ်​သလို...သစ်​လိုက်​ကာ...အခန်းထဲကို... ၀င်​လိုက်​​တော့... အိပ်​ယာထဲမှာ.... တစ်​ကိုယ်​လုံး
ကို​စောင်​​တွေဖုံးထားကာ... ​ခေါင်း​​လေးပဲ​ဖော်ပြီး... အိပ်​မှုန်​စုံဖွားနဲ့ထိုင်ေ​​နတဲ့....သား ။

Baek : agioo omma သား​လေးနိုးလာပြီလား 😘😘

Nae သားက အိပ်​ယာနိုး​တော့ ​ဘေးကိုကြည့်​လိုက်​တာ... omma ကို မ​တွေ့လို့... လန့်​သွားတာရယ်​ "
ဆိုကာ. ရင်​ခွင်​ထဲကိုဝင်​လာ​လေရဲ့ ။

Moonlight Dawn By Cloud Where stories live. Discover now