" ကျူးကျူးလေး "

ဒါနဲ့ သူပဲစိတ်ထင်မှားနေတာလား မသိ။ ဒီနေ့ကျမှအရုပ်က အရင်နေ့က သူဖက်အိပ်သော အရုပ်ထက်သေးနေပြီး မိမိထက်ပိုမြင့်နေသလိုပင်။ ဒါပေမယ့်လည်း ဖက်လို့တော့ကောင်းသည်။ ပြီးတော့ သူကျူးကျူးလေး ခေါ်လိုက်တုန်းက ကျူးကျူးလေးဆိုပြီး ပြန်ပြောလာသလိုပင်။

"ဟင် ကျူးကျူးလေးက စကားပြောလိုက်တာလား။ မဖြစ်နိုင်တာ အရုပ်က ဘယ်လိုလုပ် စကားပြောပါ့မလဲ။ TVကြည့်တာတွေများပြီး ဂေါက်နေပြီထင်တယ် "

ဟုတ်တယ်လေ။ အရုပ်က ဘယ်လိုလုပ်စကားပြောလို့ရမှာလဲ။ TVထဲက စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေမှာပဲ ပြောလို့ရမှာပေါ့။

" လာ … လာ … ကျူးကျူးလေး ကိုကိုကြီးတို့အိပ်ရအောင် "

" ဘုန်း! "

" အ "

မိမိကိုအရုပ်နဲ့မှားနေလေသော ကောင်လေးကိုသဘောကျ၍ သတိလက်လွတ် ရယ်နေမိစဉ် ထိုကောင်လေးကဆွဲပွေ့လိုက်တာမို့ နှစ်ယောက်သားအရှိန်လွန်ကာ ပြုတ်ကျလေခြင်းပါ။

ဟားး ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေတာလဲကွာ။ မိမိရှေ့ကိုလေးဘက်ထောက်လာပြီး မရမကကုတ်ကပ်၍ မတ်တပ်ရပ်လာကာ မိမိကို ကျူးကျူးလေးတဲ့။ သူ့ကိုယ်သူကျ ကိုကိုကြီးဆိုပဲ။ မိမိက ယောင်ယမ်းပြီး သူခေါ်သော ကျူးကျူးလေးဆိုသော အမည်နာမကို လိုက်ရွတ်မိတာကို ဘာတဲ့ အရုပ်က ဘယ်လိုလုပ်စကားပြောမှာလဲဆိုကာ တစ်ယောက်ထဲရေရွတ်နေလေရဲ့။

မိမိကိုအရုပ်နဲ့မှားနေလေသော ထိုကောင်လေးကိုသဘောကျလွန်းလို့ အသံမထွက်အောင် နှုတ်ခမ်းကိုကိုက်၍ မျက်စိမှိတ်ကာ ကျိတ်ရယ်နေစဉ် သူ့အရုပ်ထင်နေသောကောင်လေးက မိမိကို မနိုင်မနင်းပွေ့လိုက်တာကြောင့် နှစ်ယောက်သား အရှိန်လွန်ကာ ပြုတ်ကျရလေသည်။

ပြုတ်ကျခါနီး သူလေးမနာရအောင် ထိုကောင်လေးကို အသာဖက်ကာ မိမိကကိုယ်ကို တစ်ပတ်လှည့်လိုက်တာမို့ တော်သေးသည်။ နာသွားသောကျောပြင်ကို အရေးမစိုက်နိုင်ပါ။ သူ့ရှေ့တွင် ဒူးထောက်လျှက်လေးကနေ အတင်းပွေ့ဖက်၍ ကျောလေးကိုပွတ်ကာ သူ့ကိုအရုပ်သဖွယ်ပြုမူနေသော ကောင်လေးကြောင့် အသံမထွက်အောင် နှုတ်ခမ်းကိုသာကိုက်၍ ကျိတ်ရယ်နေမိသည်။

တစ်ရံရောအခါ.....Where stories live. Discover now