"  ဘာသောက်မလဲ..."

သူ မေးတော့ ဂျီမင်က လက်ကာပြသည်..... မျက်နှာနွမ်းနွမ်းအရ..
ညကမအိပ်ရသေးဘူးထင်သည်...

" မသောက်ဘူး.. ညက မအိပ်ရသေးလို့..ဒီမနက် ကော်ဖီသောက်
ခဲ့တယ်.... ဒါပြီးရင်..စခန်းပြန်မှာ... "

" ကိုယ့်ကျန်းမာရေးဂရုစိုက်ဦး ဂျီမင်... မင်း ဒီလောက်ထိသိပ်အလုပ်
မလုပ်နေနဲ့... "

" မင်းလည်းသိတဲ့အတိုင်းပဲ ဂျုံးဂုရယ်... ဒီအလုပ်က.. တသမတ်တည်းမှ မဟုတ်တာ.. မအိပ်ရတာလည်းရှိတာပေါ့..."

ဂျီမင်ပြောသည်ကိုသူ ပြန်မပြောမိ.... ကျေးဇူးတင်သလို အားလည်း
နာမိသည်..မအားတဲ့ကြားထဲက...သူ့ကိုလည်း ဝိုင်းကူညီပေးတာကို...

" အဲ့ဘိုးတော်... သူ့ ရဲ့ လုပ်ငန်းခွဲ တချို့မှာ တရားမဝင်ငွေမဲတွေ
တင်သွင်းထားတာ..  ပြီးတော့... တချို့လာဘ်စားမှုတွေရှိနေတယ်..
အဲ့ ဒါတွေငါ့မှာရထားပြီးပြီ... အဓိက မင်းလိုချင်တဲ့....မင်းအမေနဲ့
ပတ်သတ်တဲ့... ကိစ္စ.....မင်းအမေကားအက်ဆီးဒင့်ဖြစ်တဲ့...
အမှုကို ငါကိုင်ရတာမဟုတ်တော့ အဲ့တုန်းကသေချာ
မသိခဲ့ဘူးလေ... ငါတို့ ရဲမှူးကိုယ်တိုင် ကိုင်တာဆိုပေမယ့်...
ခုထိ...အမှုက ခုဆို ပျောက်လုနီးနီးပဲ..ဒါပေမယ့်... သွေးရိုးသားရိုး
မဟုတ်တော့.... ငါ ရဲမှူးမသိအောင် အချက်အလက်တွေပြန်ရှာကြည့်
နေတယ်.... သေချာတာတော့တနည်းမဟုတ်..တနည်းချွဲဂွမ်ဟိုနဲ့
ပတ်သတ်နေတယ်..."

"တောက်!!!...mommy ကိုသတ်တာ သူဖြစ်နေလို့ကတော့ ငါ
လူသတ်မိလိမ့်မယ်..ဂျီမင်..."

"ဟာဟာ..ဟေ့ကောင်... ငါ့လက်နဲ့မင်းကိုလက်ထိပ်မခတ်ချင်ဘူး
နော်... အဲ့ဘိုးတော် အမတ်နေရာကနေပြုတ်တော့မှာပါကွာ...
စိတ်လျှော့ပါ.... မင်းအဖြစ်က... ဒီလိုလူကိုမှ ယောက္ခမ လာတော်
ရတယ်လို့... အော်ဒါနဲ့.. အတွင်ရေးမှူးလေးဘာလေးတစ်ယောက်
လောက်ထားပါကွာ...မင်းတစ်ယောက်တည်း လုံးချာလည်လိုက်နေ
တာ.. ဘယ်လောက်ကြာပြီလဲ..."

အတွင်းရေးမှူးဆိုလို့.... ချာတိတ်လေးကိုသတိရမိသည်...
ဒီကောင်လေးခုထိ ပေါ်မလာသေး...ဖုန်းဆက်ဖို့ကျတော့လည်း..
ကိုယ့်ကိုကိုယ် မလုံမိ... တအားကြီးတွေ... အပိုလုပ်နေတယ်
ထင် သွားပြီး.. အလုပ်လာမလျှောက်နေရင်မှ...ဒုက္ခလေ...

NEVER GONEOnde as histórias ganham vida. Descobre agora