Chapter 4

3.3K 338 22
                                    

Unicode✅

" ဂျုံးဂု....."

စာရင်းစာရွက်တွေကြားထဲ... ဟိုကြည့်လိုက်ဒီကြည့်လိုက်လုပ်နေရင်းမှ....  ခေါ်သံကြောင့်မော့ကြည့်လိုက်တော့.... ဂျီမင်.......

ပက်ဂျီမင်....  အခင်မင်အရင်းနှီးဆုံးသော ငယ်ပေါင်းကြီးဖော်တွေထဲ
က...တစ်ယောက်....ဟိုးငယ်ငယ်တည်းကနေ အခုထိအဆက်အသွယ်မပြတ်ဘဲ.... နေလာကြတဲ့သူ..... ဒီကောင်တစ်ယောက်တည်း...
ကိုယ့်ရုံးခန်းကို တံခါး မခေါက်ဘာမခေါက်... ဇိုးခနဲ ဇက်ခနဲ... ဝင်
လာရဲတာ... 

" ဂျီမင်...မင်းကွာ... တံခါးမခေါက်တဲ့အကျင့်က ဘယ်တော့မှပြင်လို့
ရမှာမဟုတ်ဘူး.... "

" ဟီး...မင်းကလည်း... သိရင်ပြီးတာပဲ... "

ဂျာကင်အကျ်ၤ ီ လက်ရှည် ကို... လက်ခေါက်တင်ကာ...
မှတ်စုစာအုပ်ကိုလက်မှာကိုင်ပြီး.... ဆိုဖာပေါ်... ပစ်လှဲချလိုက်တဲ့
ဂျီမင်...... 

တောင်ကိုရီးယားရဲတပ်ဖွဲ့ရဲ့ စုံထောက်" အဖွဲ့ခေါင်းဆောင် " ဆိုတဲ့ ရာထူးရထားတဲ့.. ဂျီမင့်ကို သူ့အဖွဲ့သားတွေက
တုန်နေအောင်ကြောက်ရသည်....
မထင်ရင်မထင်သလိုဟောက်တတ်တဲ့ ဂျီမင်က... သူနဲ့ သူငယ်ချင်း
တွေရှေ့မှာဆို... ကလေးတစ်ယောက်လိုပင်...
ရဲတစ်ယောက်ဖြစ်နေပေမယ့်လည်းဖြစ်သလိုနေတဲ့သူတော့မဟုတ်..
သူ့အိတ်ထဲမှာ.. sun cream.. day cream... အစုံရှိပြီး...
ယောကျ်ားလေးတန်မဲ့ ငယ်ငယ်တည်းကအတိုင်း ဒီအရွယ်ထိပင်..
အသားအရည်အရမ်းဂရုစိုက်တဲ့သူ.... ဒါကြောင့်မို့လည်း ...
ပက်ဂျီမင်ဆိုသည်မှာ...ကျောင်းတုန်းကမူပိုင် eye smile လေးနဲ့
အတူကြည်လင်တောက်ပတဲ့မျက်နှာလေးနဲ့...မိန်းကလေးအများစု
အသည်းကိုခြွေနိုင်တဲ့..... မင်းသားတစ်ပါးဖြစ်ခဲ့ဖူးလေသည်....

ဂျီမင့်ကို အားကိုးရခြင်းအကြောင်းက ချွဲဂွမ်ဟိုကြောင့်ပင်...
အခု လည်း...
ချွဲဂွမ်ဟိုရဲ့အကြောင်းတွေကို တဖက်တလှမ်းကနေ... သိရပြီး...
ဖော်ထုတ်ဖို့အတွက်.... ဂျီမင်က စုံစမ်းဖော်ထုတ်ပေးနေသည်မို့...
အမြဲ...တွေ့ဖြစ်သည်...  

လွန်ခဲ့သော နှစ်နှစ် ကရွေးကောက်ပွဲမှာ ချွဲဂွမ်ဟိုအနိုင်ရကာ..
အမတ်ဖြစ်ခဲ့သည်....
....   သူကတော့...
ဂျီမင်နဲ့အတူ... ထိုလူ့ မကောင်းတဲ့အကြောင်းတွေကိုတခုချင်းစု
ဆောင်း ကာ... ဖော်ထုတ် ဖို့အတွက်... အချိန်အများကြီးယူခဲ့ရသည်... မရိပ်မိအောင်..သတိထားလုပ်ရသည်မို့... အခုဆို...   ထိုလူ့ကို
အောက်ခြေ ထိ ဆွဲချဖို့.. နီးစပ်လုလုပင်ဖြစ်နေပြီ....

NEVER GONEWhere stories live. Discover now