Chapter 10

1.9K 238 26
                                    

Unicode✅

" Tae... ကိုယ်ဒီမှာ... "

သူ့မျက်စိရှေ့ကနေ ခေါင်းလေးငုံ့ပြီး တရွေ့ရွေ့
လျှောက်လာတဲ့ Tae ကြောင့် Yoongi အော်
ခေါ်လိုက်တော့ မျက်နှာလေး ကမော့လာသည်...

သို့သော်...သူမျက်မှောင်ကြုံ့မိလိုက်သည်...
အကြောင်းရင်းက အရင်ကဆို သူ့ကိုတွေ့ရင်..
လေးထောင့်အပြုံးလေးတွေပေါ်အောင် ရယ်ပြတတ်တဲ့ကောင်လေးက ခု မျက်နှာနွမ်းနွမ်းလေးရယ်...

အရင်တပတ် အိမ်ပြန် လိုက်ပို့ပေးပြီးတော့ Tae နဲ့ကျောင်းမှာပဲ တွေ့ရတော့သည်....
တွေ့တဲ့အချိန်လေးမှာ သူ Tae ကိုစလိုက်နောက်
လိုက်နှင့်ပင်... Tae ရောသူရော ပျော်ပျော်ပင်
နေခဲ့သည်.... တစ်ခါတလေ လူလစ်ရင် သူTae
ကိုခိုးခိုးနမ်းသည်.. ထိုသို့နမ်းတိုင်း... Tae မျက်နှာလေးမှာ ရဲရဲလေးဖြစ်သွားမြဲပင်....
ခုကျတော့ မျက်နှာလေးမကောင်း....

" ကလေး... မျက်နှာမကောင်းပါလား...
ဘာလို့လဲ..."

"ဘာမှ မဖြစ်ပါဘူး... Min.."

" မညာနဲ့ တစ်ခုခုဖြစ်နေတယ်.. ကိုယ့်ကိုပြော"

" ဘာမှမဖြစ်ပါဘူး..ကျတော် နေသိပ်မကောင်း
လို့ပါ... "

" မှန်းစမ်း... ကိုယ်စမ်းကြည့်မယ်.."

ကောင်လေးနဖူးပေါ်..လက်တင်ကာစမ်းတော့..
အပူချိန်က ခပ်နွေးနွေးလေးရယ်..နှုတ်ခမ်းလေး
ကလည်းဖြူဖတ် ဖြူရော် နဲ့...

" အတန်းမတက်နဲ့တော့ ကိုယ့်အိမ်သွားမယ်..
Tae ဒီလို ပုံဆိုနေမကောင်းဖြစ်မှာ.. ဘာမှဆက်
မပြောနဲ့နော်..ခေါင်းမမာနဲ့... သွားမယ်..."

"Min..ကျတော် အဆင်ပြေပါတယ်လို့.."

"Kim Taehyung...!!!"

".... ..."

ကိုယ်လုံးလေးတုန်တက်သွားပြီး သူ့ကို မျက်လုံး
အဝိုင်းသားနဲ့ ကြည့်နေသော ကောင်လေးကြောင့်
သူအော်တာမှားသွားမှန်းသိလိုက်သည်....

" Tae... ကိုယ်တောင်းပန်တယ်နော်...ကိုယ်စိတ်
ပူလို့ပါကွာ...ကိုယ့်စကားနားထောင်နော်ကလေး"

" .... "

" Tae... ကိုယ်တောင်းပန်ပါတယ်လို့.. "

" ဟင့်... "

ALWAYS IN MY HEART(COMPLETED)✔ Where stories live. Discover now