အပိုင်း-၉

Start from the beginning
                                    

"ဘုရင်လျဲ့ယမ်!? 
     ဒါဘယ်သူပေးထားတာလဲ။ ဂျီအွန်းများလား?"

အတော်အသင့် ထူလှသည့်စာတမ်းအား ဆွဲယူရင်း ခုံပေါ်အသာတင်ဖတ်ရှုမိသည့်အခါ  စာတမ်းပါအကြောင်းအရာတို့က ပို၍ဆွဲဆောင်သည်။  တစ်ကြောင်းပြီးတစ်ကြောင်း လက်မလွှတ်တမ်းဖတ်ရှုရသကဲ့သို့ ထိုသို့ဖတ်ရှုလေတိုင်းလည်း ရင်ဘတ်ကလှိုက်ခနဲအေးတက်လာ၏။
စာရွက်တို့အား ကိုင်ဆောင်ထားသည့်လက်တို့က တုန်ယင်လာသကဲ့သို့ စိတ်နှလုံးမှခံစားရသော ခံစားချက်ကိုနားမလည်……
ထို့အတူ ရင်းနှီးသည်ဟူသော ခံစားချက်ကိုပါ ခံစားရ၍ မိမိကိုယ်ကိုပါ အံ့အားသင့်ချင်လာမိ၏။

"အရှင်ဘုရင်လျဲ့ယမ်ဟာ သက္ကရာဇ်   မှာ အသက်ဆယ့်ခြောက်နှစ်နဲ့ နန်းတက်ခဲ့တယ်။ ငယ်ရွယ်တဲ့အိမ်ရှေ့စံအဖြစ်ကနေ ခမည်းတော် နတ်ရွာစံမှုကြောင့် ခဏတွင်းချင်း  ရှင်ဘုရင်ဖြစ်သွားတဲ့ မင်းသားလေးဟာ အာဏာကိုဆွဲမကိုင်ထားနိုင်တဲ့အပြင် အသိဥာဏ်နည်းတာကြောင့် အလိုကြီးတဲ့ လူတစ်စုရဲ့ ရုပ်သေးရုပ်ဖြစ်ခဲ့ရတယ်။ ရှင်ဘုရင်လေးရဲ့သတ္တိနည်းမှုကို သူရဲ့ဆိုးကောင်းတိုင်ပင်ဖော် ပါရမီဖြည့်ဖက် မိဖုရားဟာ အရမ်းကိုရှုံ့ချခဲ့တယ်။ သူမဟာ လျဲ့ယမ်ကိုချစ်တဲ့စိတ်တစ်ခုတည်းအတွက်နဲ့ ဘာမဆို ပေးဆပ်အနစ်နာခံပေးခဲ့ပေမယ့် မသမာသူလူတစ်စုရဲ့လက်ချက်ကြောင့် လုပ်ကြံသူဘဝကို ရောက်ရှိသွားခဲ့တယ်။ မိဖုရားယူဟွမ် သေမိန့်ချခံရပြီးနောက် လရိပ်နန်းဆောင်ဆိုတဲ့ သူမရဲ့အဆောင်ဟာ အပယ်ခံဆောင်အဖြစ် အပိတ်ခံခဲ့ရပြီး သူမတို့တစ်မိသားစုလုံး သစ္စာဖောက်တွေအဖြစ် အသုတ်သင်ခံခဲ့ရတယ်။ လျဲ့ယမ်ဘက်မှာ ဘယ်သူမှ မရပ်တည်ပေးနိုင်တော့တဲ့အချိန် ချစ်ရတဲ့မိဖုရားပါ ဆုံးရှုံးလိုက်ရတဲ့အခါ  သွေးဆူဒေါသထွက်လွယ်သူအဖြစ်ပြောင်းလဲသွားခဲ့ပြီး လူသတ်လွယ်တဲ့ ရက်စက်သူတစ်ယောက်ဖြစ်လာခဲ့တယ်။မိဖုရားခေါင်ရာထူးကိုလည်း အမြဲတစေလစ်လပ်ထားကာ ကြင်ယာတော်မိဖုရားတွေ ကိုယ်လုပ်တော်တွေနဲ့ပဲ အမြဲပျော်ပါးနေခဲ့တယ်။ တစ်နေ့ ဂျိုဆွန်းနွယ်ဖွား ကြင်ယာတော်သခင်မရောက်လာတဲ့အချိန်ကစ လျဲ့ယမ်ပြောင်းလဲသွားခဲ့ပြီး အဲ့ဒီသခင်မကို နန်းဆောင်သခင်မပေးအပ်သည်အထိ ချစ်မြတ်နိုးခဲ့တယ်။ ပုလဲနန်းဆောင်သခင်မဟာ လူရှေ့တော်ရုံထွက်လာခဲသလို အရှင်ဘုရင်ရဲ့အမြတ်နိုးခံမိဖုရားအဖြစ် မော်ကြွားနေတာမျိုးလည်းမရှိဘူး။ ဒါပေမယ့် သူမရဲ့အဆုံးသတ်ကလည်း ယူဟွမ်မိဖုရားလိုပါပဲ။ နန်းပြင်ကို လူမသိစွာမောင်းထုတ်ခံလိုက်ရပြီး ဘဝက မှေးမှိန်စွာပြီးဆုံးသွားခဲ့တယ်။လျဲ့ယမ်ရဲ့ထူးခြားချက်က  အချစ်ဆုံးမိဖုရား၊ ကြင်ယာတော်နှစ်ပါးရှိတဲ့အနက်မှာ လရိပ်နန်းဆောင်ဘက်ကို ယူဟွမ်မိဖုရားသေဆုံးပြီးကတည်းက ခြေမချတော့ပေမယ့်  ပုလဲနန်းဆောင်ကို ညတိုင်းသွားခဲ့တယ်တဲ့။ တစ်ခါတစ်ရံ ငိုကြွေးသံကိုတောင် ကြားရတယ်လို့ဆိုတယ်။ ဒါဆို တစ်ကယ့် လျဲ့ယမ်ရဲ့ ချစ်ရသူအစစ်မှန်က ဘယ်သူဖြစ်မလဲ?! ခန့်မှန်းမိရဲ့လား? 

' Nostalgia 'Where stories live. Discover now