" မင်း အခုချက်ချင်း အိမ်ကနေထွက်သွား Baekhyun..."

တည်ငြိမ်၍မာန်ပါနေသော အသံသည် ကျနော့နားထဲတွင် မိုးကြိုးအစင်းတစ်ရာမက ပစ်လိုက်သည့်အလားပင်....
သခင်ကြီး၏ အလိုကျ ထွက်သွားပေးနိုင်ပါသည်...
သို့သော်...အိမ်နှင့်သခင်ကြီး၏ အိမ်ကိုကား ရေကြောင်းခရီးနှင့်သာသွားနိုင်လေသည်....ခြားထားသော မြစ်ကြီးသည် နည်းနည်းနောနောအကျယ်ကြီးမှမဟုတ်လေတာ....

"ကျ..နော်...မပြန်..တတ်ဘူး..သခင်ကြီး....ဟို..သခင်ကြီးအိမ်က သဘောင်္နဲ့လိုက်ပို့လို့အဆင်ပြေမလားဟင်...."

နောက်ဆုံးအခွင့်အရေးအနေနှင့် တောင်းဆိုမိသော်ငြား... ပြန်ရလိုက်သည်က မဲ့ပြုံးတစ်ခုသာ...

" အဟက်... ရေ ကူး ပြန် "

" ဗျာ.."

မထင်မှတ်သော စကားကြောင့် အတော်ပင် ဆွံ့အနေမိသည်...

ထိုအချိန်၌ပင် ကျနော်၏ လက်မောင်းငယ်သည်လည်း သခင်ကြီး လက်အစုံအောက်ပါကာ....ကျနော်သည်လည်း တရွတ်တိုက်ပါသွားခဲ့ရသည်...

အိမ်အပေါ်ထပ်ကနေ အောက်အထိ တစ်လျှောက်....
နောက်..စံအိမ်တော်ကြီးမှ ခြံဝသို့တစ်လျှောက်...ထို့နောက်.. တောင်ကုန်းတစ်လျှောက်...
အလာက ငေးကြည့်လာမိသော Sakura တို့သည်.... လေအဝှေ့၌ တဖြုတ်ဖြုတ်ကြွေလေ၏....
ကျနော့၏ နှလုံးသားတစ်စုံသည်လည်း တစ်စစီကြေလေ၏....
ဒူးနှင့် ခြေသလုံးတစ်လျှောက်မှ သွေးစက်တို့သည်.. Sakura တို့၌ စွန်းထင်ကုန်လေ၏.....

တောင်းပန်ပါတယ် Sakura.... သွေးတွေစွန်းပေစေမိတဲ့အတွက်ပေါ့...

" သွား တော့ "

အသံပြတ်ပြန်အဆုံး... လေထဲပေါ်မြောက်တက်သွားသော ခန္ဓာကိုယ်...
ပြန်အကျတွင်ကား... ကျနော်သည် မြစ်ရေထဲရောက်နေလေပြီ....

" ကူးသွား......မင်းရောက်အောင် ပြန် "

သွေးအေးတဲ့ စကားလုံးတို့အောက် သူ၏စိတ်အမှန်မဟုတ်မှန်း သိသော်ငြား အလိုကိမသိသော ဝဲဘက်ရင်အုံက အောင့်ကနဲ.....

သင်္ဘောနှင့်တောင် ၂ နာရီ ကွာဝေးတဲ့ခရီး....အဖျားမပျောက်သေးတဲ့ သူတစ်ယောက်က ဘယ်လိုအင်အားနဲ့ ကူးခတ်နိုင်ပါမည်နည်း....

သို့သော် ချစ်သူ၏ အလိုကို လိုက်ချင်သော စိတ်အစဉ်ကြောင့် စေစားမှုကို လိုက်နာမိရက်သား....

" ကျနော် သွားတော့မယ်နော် သခင်ကြီး...."

နှုတ်ဆက်အပြီး လေကို ဝ ဝ ရှူသွင်းကာ မြစ်ပြင်ကျယ်ကို စတင်ကူးခတ်နေမိသည်....

နောက်ကြောင်းပြန်လှည့်အကြည့်တွင်တော့ သခင်ကြီးသည် ကျောခိုင်း၍ စံအိမ်ဆီသို့ ပြန်နေလေပြီ....

ကျောခိုင်းထားသော နောက်ကျောတစ်စုံကို မြင်ရသည်မှာ ဤမျှလောက်မွန်းကျပ်မည်ဟု တစ်ခါမှ မထင်ထားမိ....

သေလောက်အောင် ခံစားရတယ် " ကို "...
ငယ် ကို့ကို အရမ်းချစ်မိသွားလို့ဖြစ်မယ်.....

******************************************

ကူးခတ်ရတာ အချိန်ကြာလာသည်နှင့်အမျှ ကူးခတ်ရသော ကောင်လေးမှာ အားနည်းနေသည့်အလျှောက် အသက်ထွက်မထွက် ပင်ပန်းနေသော်ငြား ထိုကောင်လေးကူးခတ်နေပုံ....သခင်ကြီးကောင်လေးကို ဘယ်ပုံဘယ်နည်းဆက်ဆံပုံတို့ကို မှော်ဖန်လုံးထဲမှ ကြည့်ကာ သဘောကျနေသူလည်း ရှိလေသည်....

ဤသူကား....Byun Nabi ........

သို့သော်.. သူမသတိမထားမိသည်ကား ဖန်လုံးပေါ်ကြည့်နေသော နတ်ဆရာ၏အကြည့်တို့ပင်.....

သူမထင်သည်နှင့်တက်တက်စင်လွဲနေမည်ဖြစ်သော နတ်ဆရာ၏ စေစားမှုကို သူမခံနိုင်မည်တဲ့လား....

ကောင်ငယ်လေးကရော အသက်ရှင်ရက်နှင့် ကူးခတ်နိုင်ပါဦးပါ့မလား....

°°°°°°To Be Continue °°°°°

တိုသွားတာ meyan....
ဖတ်ပြီး စိတ်ထဲရှိတာ ထင်တာလေးတွေပြောသွားပေးကြပါလား.....💙
Feedback လေးတွေ မျှော်လင့်မိပါတယ်နော်....
အားလုံးကိုချစ်တယ်...😍😘

#EaintThiriAung
#real_etra 💫💫💫

" Tears of Cherry " [ Chanbaek ]Where stories live. Discover now