" ကိုယ်ကြောက်တာ သမီး သူတခုခု လျှောက်လုပ်မှာဆိုးတာ "
" သမီးဖြူ ကို သေချာစောင့်ကြည့်ရမှာပေါ့ ခုထက်မဆိုးခင် ထိန်းသိမ်းလိုက်ရင် သူလဲ ခနနေမေ့သွားမှာပါ ခုချိန်ငယ်သေးလို့ပါ "
" အင်းပါ ဘာမှမဖြစ်ဖို့ ဆုတောင်းရမှာပဲ "
" အော် သားကြီး က ဒီနေ့ ထွက်လို့မရဘူးတဲ့ အဲ့တာ ကိုယ်တို့ ပဲ သွားတွေ့ရမယ် "
" အော် အင်းပေါ့ ဟိုရောက် အခြေနေကြည့်ပြီး ဖြူ ပဲ ပြောပါ့မယ် ကိုယ်က ဘေးကနေ အလိုက်သင့်လေးနေပေး နောက်ဆို သူလေးလဲ ရှက်သွားမှာပေါ့ "
" အင်းပါ ကိုယ်သိပါတယ် "
ဒေါ်ခင်ခင်ဖြူ တို့ လင်မယား ၂ယောက်လဲ သက်ပြင်းတိုးတိုးတိတ်တိတ်သာချလိုက်လေသည်။
နေ့လည်လောက်ကျတော့ ဒေါ်ခင်ခင်ဖြူ တို့ စ်တ်လှုပ်ရှားစွာနဲ့ မေမဒီ့ဆီ ဖုန်းခေါ်လိုက်ကြလေသည်။
" ဟဲလို "
တဖက်မှ အသံလေးကြားလိုက်ရတော့ ဒေါ်ခင်ခင်ဖြူ တစ်ယောက် စိတ်ပူစွာနဲ့ ပြန်ထူးလိုက်လေသည်။
" ဟဲလို ဒါ မေမဒီ ဖုန်းပါလား "
" ရှင် ဟုတ်ပါတယ် ဘယ်သုပါလဲရှင် "
" ဟို အန်တီ နာမည် ဒေါ်ခင်ခင်ဖြူ ပါ ဖြူစင့်ဟမေမေပါ "
" ရှင် "
မေမဒီတစ်ယောက် တဖက်မှ လူရဲ့နာမည်နဲ့ ဖြူ့ စင့် မေမေပါဟုကြားလိုက်ရသောကြောင့် လူတစ်ကိုယ်လုံး ကြက်သည်းမွှေးများထကာ ရင်ခုန်သံများကလဲ တဒုတ်ဒုတ်နဲ့ ခြေဖျားလက်ဖျားတွေပါ အေးစိမ့်သွားရလေသည်။ တဖက်က သူ့မ အသံ ငြိမ်သွား၍ ဟဲလို ဟု ထပ်ပြောသံကြောင့် ကြောက့်လန့်သွား ၍ အသံကို ထိန်းကာ ပြောလိုက်လေသည်။
" ဟူတ်ကဲ့ ဘာကိစ္စများလဲမသိဘူး ရှင့် "
" ဟို အန်တီ သမီးနဲ့ လူချင်းတွေ့ချင်လို့ပါ အဲ့တာ "
" ဟို ဟုတ်ကဲ့ သမီးက ခုရုံးမှာမို့ ညနေ မှ အားမယ် အန်င်္တီ "
" အော် အေးပါ သမီး အားမယ့် အချိန်ပေါ့ ညနေဆိုလဲညနေပေါ့ အန်တီပြောစရာလေးရှိလို့ အဲ့တာ အချိန်ခနပေးနိုင်မလား "
YOU ARE READING
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...
မုန်းမေ့လို့မရ
Start from the beginning