မိုးလေးတဖျောက်ဖျောက် ရွာနေသည့် စနေ့နေ့ နံနက်ခင်းတွင် မေမဒီ တစ်ယောက် မိုးအေးအေးနှင့် ဆက်ကာကွေးနေမိလေသည်။" ဒေါက် ဒေါက် ဒေါက် "
" မေမဒီ သမီး အန်တီစောပါ တံခါးခနလောက်ဖွင့်အုံး "
မေမဒီ တစ်ယောက် အိပ်မှုန်စုံမွှားနဲ့ ထကာ တံခါးလာဖွင့်လေသည်။
" အန်တီစော မေ အဆောင်လခပေးပြီးပြီလေ မနေ့ကပဲ "
" ဟုတ်ပါတယ် အခုက သမီးနဲ့ အတူနေမယ့် အခန်းဖော်ကို လိုက်ပို့တာ "
" အော် "
" ကဲ သမီး ဖြူစင် ဒါသမီးနေရမယ့်အခန်းပဲ လိုတာရှိပြောပေါ့ ကဲ သမီးတို့အန်တီသွားပြီနော် "
" ဟုတ်ကဲ့ "
၂ယောက်သားပြိုင်တူဖြေလိုက်ကြလေသည်။
" ဝင်လေ "
" ဟုတ်ကဲ့ "
မေမဒီတစ်ယောက် ဖြူစင်အခန်းထဲရောက်သည်နှင့် အခန်းတံခါးပိတ်လိုက်ကာ သူ့ကုတင်တွင်ပြန်ထိုင်ပြီး အထုတ်တွေချနေသည့် ဖြူစင်အား ကြည့်ကာ စကားစလိုက်လေသည်။
" ဟို တို့နာမည်က မေမဒီ လိုအပ်တာရှိပြောပေါ့ "
" ဟုတ်ကဲ့ ဖြူ နာမည်က ဖြူစင်ပါ မမ "
" မမ မင်းအသက်က "
" ၁၈ ပါ "
" အော် အေးပေါ့ မမ ပေါ့ တို့က ၂၃ "
" ဟုတ်ကဲ့ "
မေမဒီတစ်ယောက် ပြောပြီး သူ့ကုတင်တွင် လှဲကာ ပြန်အိပ်နေလေသည်။ သူမသည် နယ်မှ ရန်ကုန်တွင် အလုပ်လာလုပ်ကာ အဆောင်နေခြင်းဖြစ်လေသည်။
သူမသည် အေးအေးနေတတ်သည်။အဆောင် ဆိုသည်မှာလဲ လူစုံသည်ဆိုပေမယ့် ကျောင်းသူတွေနှင့် အလုပ်လုပ်သူသာ ရှိသည်။ အဆောင်ပိုင်ရှင် အန်တီက သဘောကောင်းပေမယ့် အပျိုကြီးပီပီ စည်းကမ်းတော့ ကြီးလေသည်။ သူမ က အေးအေးနေတတ်သည့် သူမို့ အန်တီစောက သူမအားခင်လေသည်။
ဖြူစင်တစ်ယောက် အထုတ်တွေနေရာချပြီး ကုတင်တွင် လှဲအိပ်လိုက်လေသည်။ ဖြူစင် သတိထားမိကာ ဘေးကုတင်က မေမဒီအားကြည့်မိလေသည်။
YOU ARE READING
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...