2

116 16 3
                                    

"Kun kunရေ Kun Kunရေ"

လူပင်မတွေ့ရသေးသော်လည်း အသံဖြင့်ဝင်ရောက်လာသူကား
You Zhangjing

You Zhangjing သည် Xukunရဲ့ ပါးပါးအစ်မသား သူရဲ့တနှစ်သာကြီးသော တဝမ်းကွဲအကိုပင်....

တနှစ်လောက်သာကြီးသော ညီအကိုနှစ်ယောက်မို့ ပြောဆိုရတာတွေကသူငယ်ချင်းအလား ပေါ့ပေါ့ပါးပါးသာ ပြောဆိုကြသည် မတည့်အတူနေ ကြောင်နှင့်ကြွက်အလား ဆက်ဆံမှုမျိုးဖြစ်သည် တည့်တဲ့အခါ ခွဲမရသကဲ့သို့ ခနခနကလေးတွေလို စကားများကြသည် ပြီးရင်ဘာမှမဟုတ်

"Kun kunရေ....Kun kunရေ"

ပါးစပ်ကအသံပြဲကြီးနဲ့ တကျော်ကျော်ခေါ်နေတာ လူကိုပင်အခုထိမတွေ့ရသေး

သေချာတာတခုကတော့ Zhangjingတယောက် မီးဖိုခန်းထဲမှာ မုန့်တခုခု လှန်လှောပြီးမှသူ့အခန်းထဲ ဝင်လာမယ်ဆိုတာပဲ

Kun kunအတွေးမဆုံးလိုက် ပါးစပ်ထဲပလုတ်ပလောင်း တခုခုစားနေသည့်အသံနှင့်အတူ သူ့အခန်းဆီလာသော ခြေသံများကိုကြားလိုက်ရတယ်

"Kun kun မင်း Lin yanjunနဲ့ ဘယ်လိုကဘယ်လိုသိသွားပြန်တာလဲ"

"ဘယ်က Lin yan ဘာကြီးလဲ ဘယ်သူလဲ သူက"

"ငါတို့ကျောင်းက ပါးချိုင့်နှစ်ဖက်နဲ့ Class 1-1 က သူဌေးသား စာတော်တဲ့ တကမ္ဘာလုံးကိုသူလုပ်ကျွေးတဲ့ မျက်နှာထားနဲ့ ကျောင်းဂုဏ်ဆောင်ကြီးလေ မင်းကတော့ အလယ်တန်းကျောင်းကဆိုတော့ဘယ်သိမလဲ သူကနာမည်ကြီးပဲ ငါတို့အထက်တန်းမှာတော့"

"သြော်.... သူ့နာမည်က lin yanjunလား ပါးချိုင့်နှစ်ဖက်နဲ့ geကလေ နာမည်လေးကလှလိုက်တာ "

"ငါမေးတာလည်းဖြေဦးလေ သူက နင့်ကို ဒီနေ့တွေ့နေကျနေရာမှာစောင့်နေတဲ့ မင်းတို့ကဘာတွေလဲ"

"ဟင် ဒီနေ့တွေ့ဖို့လား အင်း ကျေးဇူးပဲနော်"

"ဟဲ့ ငါမေးတာကိုလည်းအဖက်လုပ်ပြိး ဖြေပါဦး မင်းတို့ဘယ်ကဘယ်လိုခင်တာလဲ သူကကျောင်းမှာ wang ziyiကလွဲပီးစ စကားပြောတာမဟုတ်ဘူး "

"ဟင်... သူနဲ့တူတူပါပါလာတဲ့ မေးရိုးချွန်ချွန်နဲ့ ge ကရော wang ziyiတဲ့လား"

Zhangjingတယောက် အံ့သြမှုများစွာနဲ့ မျက်လုံးကလေးပြူးပြီး

"မင်းက wang ziyiကိုလည်းသိတာပဲလား"ဆိုတော့

အမည်နာမ မရှိသော ချစ်ခြင်းများစွာဖြင့်Where stories live. Discover now