အကယ်၍ အစ်ကိုသာ မိမိကိုယ် စိတ်ကုန်၊ စိတ်ပျက်သွားမည်ဆိုလျှင် …

သူဆက်မတွေးချင်တော့ပါ။ ဝမ်းနည်းကာ မွန်းကျပ်လာသောစိတ်၊ ဝေဝါးလာသော အမြင်အာရုံကြောင့် လက်တစ်ဖက်ဖြင့် သူမျက်လုံးတွေကို ဖုံးအုပ်လိုက်သည်။

အစ်ကို ကျွန်တော် ဘာလုပ်သင့်လဲ။ အစ်ကို့ကို ဆွဲထားသင့်လား။ လက်လွှတ်လိုက်သင့်လား။

ဘာဆက်လုပ်ရမှန်း သူ တကယ်ပင်မသိတော့ပေ။ အစ်ကို့ကို မိမိအနားတွင်ရှိနေစေချင်ပေမယ့် အစ်ကိုသာ သူ့ကိုစိတ်ကုန်၊ စိတ်ပျက်နေမည်ဆိုလျှင် သူဆွဲမထားချင်ပါ။ သူကြောင့်နဲ့တော့ အစ်ကို့ကို စိတ်မညစ်စေချင်။

ချစ်ရသူကို မိန်းမတစ်ယောက်နဲ့ ယှဉ်လုရအောင်လည်း သူ့ရဲ့မာနတို့က ခွင့်မပြုချေ။ ဆုံးရှုံးရမည်ဆိုသောအတွေးက ဝင်လာပြန်တော့လည်း ခံစားမှုတို့က မသက်သာချေ။

သူ ဘာဆက်လုပ်ရမည်နည်း။ မူယာမာယာများရအောင်လည်း မိမိက ပတ်ချွဲနပ်ချွဲမလုပ်တတ်ပေ။ ဒီပုံစံအတိုင်းဆက်သွားလို့ အစ်ကိုမိမိအပေါ် စိတ်ကုန်သွားပါလျှင် ……

တစ်ခြားတစ်ယောက်နဲ့ မိမိချစ်သူကို ယှဉ်လုရမည့်အဖြစ်မျိုး သူမဖြစ်စေချင်သလို၊ ယှဉ်ပြိုင်၍လည်း သူမလုချင်။ ထိုသို့ဆို အစ်ကို့ကို သူဆုံးရှုံးရမည်လား …

သူ ဆက်မတွေးချင်တော့သလို၊ မေးခွန်းတစ်ခုအတွက် မသေချာသောအဖြေကိုလည်း သူမသိချင်တော့ပါ။ အစ်ကိုသာ သူ့အနားကထွက်သွားလျှင်ဆိုသော အတွေးနှင့်အတူ မျက်ဝန်းထောင့်က စီးကျလာသောမျက်ရည်တို့ကြောင့် အသံမထွက်အောင် နှုတ်ခမ်းသားတို့ကို ကိုက်ထားမိသည်။

ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းလို့ လူတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ဆိုပေမယ့် ကျွန်တော်ကတော့ လင်းခန့်နိုင်ဆိုတဲ့ ခင်ဗျားကို သေလောက်အောင်ချစ်မိနေတာပဲသိတယ်။ ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံစံသတ်မှတ်လဲ၊ ဘယ်လိုပါဆိုတာကို တစ်ခြားသူကမေးလာခဲ့ရင် ကျွန်တော် ခင်ဗျားကို ချစ်တယ်ဆိုတဲ့ အသိလေးတစ်ခုကလွဲရင် ကျန်တာကိုတော့ သူပြောတတ်မည် မဟုတ်ပေ။

တစ်ရံရောအခါ.....Unde poveștirile trăiesc. Descoperă acum